ပါကစ္စတန်မှာ လောင်စာဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှု အနည်းဆုံး ၁၅၀ ဦး သေဆုံး

တနင်္ဂနွေနေ့က ပါကစ္စတန်နိုင်ငံ Ahmedpur East မှာ လောင်စာဆီတင်ယာဉ် တိမ်းမှောက်သွားခဲ့ပြီးနောက် မီးလောင်ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၁၅၀ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ (ဓာတပုံ - အီးပီအေ) Bahawalpur အနီး အဝေးပြေးလမ်းမကြီးပေါ်မှာ အဆိုပါ လောင်စာဆီတင်ယာဉ်ဟာ ဘီးပေါက်သွားခဲ့ရာကနေ တိမ်းမှောက်သွားခဲ့ပြီးနောက် ယိုစိမ့်ထွက်ကျနေတဲ့ လောင်စာဆီတွေကို အနီးပတတ်ဝန်းကျင်ရှိ ရွာသားများက လာရောက်စုဆောင်းရယူခဲ့ကြစဉ် လောင်စာဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။