ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့ တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနဲ့ အော့တဝါမြို့မှာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ နေ့က တွေ့ဆုံခဲ့ပါတယ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ) ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်ထရူးဒိုး၊ ဆွီဒင်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန်အာလင်းနှင့် ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့ရဲ့ ဖိတ်ကြားချက်များအရ ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်နေတာဖြစ်ပါတယ်။ ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အဆင့်ဆင့် ပြောင်းလဲကျင့်သုံးခဲ့မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။