ချန်ပီယံလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ ရီးယဲလ်မက်ဒရစ်

ဇွန်လ ၃ ရက်နေ့က ၂၀၁၆-၁၇ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဝေးလ်စ်မြို့တော် ကာဒစ်ဖ်ရှိ Millennium ကွင်းမှာ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးယဲလ်က ၄-၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်လို့ နာမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂ ခုနှစ် နောက်ပိုင်းမှာလည်း ချန်ပီယံဆုကို နှစ်ရာသီဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ (၄)ကြိမ်မှာ (၃)ကြိမ်အထိ ဆုဖလားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် (ဥရောပဖလားအပါအဝင်)ဆုဖလားကို  (၁၂)ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)
ချန်ပီယံလိဂ်ဗိုလ်လုပွဲရလဒ်
ဂျူဗင်တပ်စ် ၁-၄ ရီးယဲလ်မက်ဒရစ်
ဂိုး -မန်ဇူကစ် ၂၇' - စီရော်နယ်လ်ဒို ၂၀' ၆၄' ၊ ကက်စမဲရိုး ၆၁'၊ အဆန်စီယို ၉၀'မိနစ်