ဧရာဝတီမြစ်ရေလျှံလာမည်ကိုစိုးရိမ်သောကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှမြစ်ကမ်းတစ်လျှောက် သဲအိတ် ၅၀၀၀ ဖြင့် ကာကွယ်မှုများပြုလုပ်

မန္တလေးမြို့အတွင်းသို့ ဧရာဝတီမြစ်ရေလျှံလာမည်ကိုစိုးရိမ်သောကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှမြစ်ကမ်းတစ်လျှောက်ရှိ အောင်မြေသာစံမြို့နယ် ၊မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်နှင့်အမရပူမြို့နယ်တို့ကို တစ်မြို့နယ်လျှင် သဲအိတ် ၅၀၀၀ အိတ်အသုံးပြု၍ သြဂုတ်လ ၂ ရက် နံနက် ၇ နာရီမှစတင်ကာ စည်ပင်ဝန်ထမ်း ၁၀၀ ဦးကျော်ဖြင့် ကာကွယ်မှုများပြုလုပ်နေသည်ဟု စည်ပင်သာယာရေးကော်မတီ၊သန့်ရှင်းရေးဌာန မှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးမင်း က မဇ္ဈိမ ကိုပြောသည်။(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)
ထိုသို့သဲအိတ်များချပြီးဆောင်ရွက်နေခြင်းသည် ကြိုတင်ကာကွယ်ရေးအနေဖြင့် ပြုလုပ်ပေးနေခြင်းဖြစ်ပြီး အရေပေါ်ထပ်မံလိုအပ်ပါကလည်း အသုံးပြုနိုင်ရန် အရံသဲအတ်များလည်း ဆောင်ရွက်ထားသည်ဟု ၎င်း ကဆိုသည်။