ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်အသင်းက အေဂျက်အသင်းကို  ပေါ့ဂ်ဘာ ၁၈'၊ မစ်ခီတာရီယန် ၄၈'တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ဖလားကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ Cup Winner's Cup စတဲ့ ဥရောပဖလား (၃)လုံးကို ဆွတ်ခူးဖူးတဲ့ (၅)သင်းမြောက်အသင်းအဖြစ် အေဂျက်၊ ချယ်လ်ဆီး၊ ဂျူဗီတပ်စ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့လည်း အဓိကဥရောပဖလားကို မတူညီတဲ့ ကလပ် (၃)သင်းနဲ့အတူ ရယူနိုင်တဲ့ တတိယမြောက် နည်းပြလည်းဖြစ်လာပါတယ်။ (ဓာတ်ပုံ - အီးပီအေ)