တောင်ပြံုးပွဲ နီးကပ်လာပြီဖြစ်၍ လိုအပ်သောပြင်ဆင်မှု များပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆုတောင်းပြည့်မြတ်စွာ ဘုရားပွဲတော်နှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကျင်းပရန် အချိန်နီးကပ် လာပြီဖြစ်သောကြောင့် ဆုတောင်းပြည့်ဘုရားကြီးအားပြုပြင်မှုများပြုလုပ်နေပြီး နတ်နန်းများကိုလည်း လိုအပ်သည်များပြုပြင်နေသည်ကို သြဂုတ် ၁ ရက် ကတွေ့ရသည်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)
ထို့အပြင် ဆိုင်ခန်းများလည်း တည်ဆောက်လျှက်ရှိသည်။ ဆုတောင်းပြည့် ဘုရားပွဲတော်နှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်အား ဝါခေါင်လဆန်း ၁၁ ရက်တွင် စတင်ကျင်းပ သွားမည်ဖြစ် သည်။ ထိုပွဲတော်သို့ မြန်မာပြည်အနှံ့အပြားမှလာရောက်သောကြောင့် မြန်မာပြည်တွင် အစည်ကားဆုံး ပွဲတော်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။