ဆုတောင်းပြည့်မြတ်စွာ ဘုရားပွဲတော်နှင့် တောင်ပြံုးမင်းနှစ်ပါး ပွဲတော်ကျင်းပရန် ဆုတောင်ပြည့်ဘုရားကြီးအားပြုပြင်မှု များပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊တောင်ပြုံးကြီးကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆုတောင်းပြည့်မြတ်စွာဘုရားပွဲတော်နှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သောကြောင့် ဆုတောင်ပြည့်ဘုရားကြီးအားပြုပြင်မှုများပြုလုပ်နေပြီး နတ်နန်းများကိုလည်း လိုအပ်သည်များပြုပြင်နေသည်ကို သြဂုတ်လ ၁ ရက် ကတွေ့ရသည်။(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)
ထို့အပြင်ဆိုင်ခန်းများလည်း တည်ဆောက်လျှက်ရှိသည်။ဆုတောင်းပြည့်ဘုရားပွြတော်နှင့်တောင်ပြုံးမင်းနှစ်ပါးပွဲတော်အား ဝါခေါင်လဆန်း ၁၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။
ထိုပွဲတော်သို့ မြန်မာပြည်အနှံ့အပြားမှလာရောက်သောကြောင့် မြန်မာပြည်တွင် အစည်ကားဆုံး ပွဲတော်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။