ဒေါ်အောင်ဆန်းစုကြည်နှင့် Angelina Jolie လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်များ၊ အထည်ချုပ်လုပ်ငန်းများ သွားရောက်လေ့လာ

သြဂုတ်လ ၁ ရက် နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော  ကမ္ဘာကျော် မင်းသမီး Angelina Jolie တို့သည် ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ ကျူးကျော်များ၊ အထည်ချုပ် လုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့သည်ဟု NLD  ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးသည် လှိုင်သာယာမြို့နယ် အတွင်းရှိ  အမျိုးသမီး အဆောင်သို့လည်း သွားရောက်ခဲ့ပြီး အမျိုးသမီး အလုပ်သမားများ၏ နေထိုင်စားသောက်မှု၊ အလုပ်လုပ်ကိုင်နိုင်မှု၊ လုပ်ခလစာနှင့် ပညာရေး လိုအပ်ချက်များ အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲစာရင်းတွင် ပါဝင်မှုရှိမရှိတို့မေးမြန်းခဲ့သည်။
၎င်းတို့သည်  လှိုင်ထိပ်ထား အမျိုးသမီးဆောင်၊ မင်းကြီးမဟာမင်းခေါင်လမ်း (စက်မှုဇုံ) ကျူးကျော်တဲများနှင့် သဲသူသူအောင် အမျိုးသမီးအထည်ချုပ်လုပ်ငန်းများသို့ သွားရောက်ခဲ့ပြီး အလုပ်အကိုင် လုပ်ကိုင်မှု ၊နေထိုင်မှုနှင့် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိတို့ကို မေးမြန်းခဲ့သည်။