ကောလင်းမြို့အနီးရွာအချို့ သွားလာရခက်ခဲ၍ ကူညီရေးအဖွဲ့ များပြန်လှည့်

ဇူလိုင်လ ၂၉ ရက်က ကောလင်းမြိုနှင့် အလှမ်းဝေးသည့် ကျေးရွာငယ်တချို့ ရေလွှမ်းမိုးထားသည့် မြင်ကွင်းအားတွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ(ရာမည))
ကောလင်းမြို့ အနီးတဝိုက်ရှိ အကူအညီများမရရှိသေးသည့် နေရာဒေသများအား ပရဟိတအဖွဲ့များ၊ အလှူရှင်များက ဇူလိုင် ၂၉ရက်က သွားရောက်ခဲ့သော်လည်း ရေလမ်းခရီးကြမ်းတမ်းမှုကြောင့် လမ်းတဝက်အရောက်တွင် ကောလင်းမြို့သို့ ပြန်လည်လှည့်ပြန်ခဲ့ကြရသည်။