ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို ဇူလိုင်လ ၂၉ ရက်က ဖွင့်လိုက်ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာ ပူးတွဲကော်မရှင် အစည်းအဝေး တက်ရောက်ခဲ့သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင ဒု-ဝန်ကြီးချုပ် ဗိုလ်ချုပ် တာနာဆတ် ပတ်တီမာပရာဂေါန် (Tanasak Patimapragorn)ကလည်း အဆိုပါ ပွဲသို့ တက်ရောက်ခဲ့သည်။ (ဓာတ်ပုံ-ဖနိဒါ၊ မဇ္ဈိမ)