ဂျကာတာမှာ ၂၀၁၈ အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု

ဂျာကာတာရှိ Gelora Bung Karno အားကစားကွင်း ပြန်လည်ပြုပြင်မွမ်းမံမှု ဆောင်လုပ်ရေးလုပ်ငန်းခွင်မှာ အင်ဒိုနီးရှားလုပ်သားများက လုပ်ကိုင်နေတာဖြစ်ပါတယ်။ ပြုလည်ပြုပြင်မွမ်းမံမှုအတွက် အနည်းဆုံး အလုပ်သမား ၉၉၄ ဦး ပါဝင်လုပ်ကိုင်ကြပါတယ်။ Gelora Bung Karno အားကစားကွင်းဟာ ၂၀၁၈ အာရှအားကစားပြိုင်ပွဲအတွက် အဓိကနေရာများထဲက တစ်ခုဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ၂၀၁၈ အာရှအားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ် သြဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂ ရက်နေ့အထိ လက်ခံကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)