စစ်တွေမြို့က ပထမဦးဆုံးဖြစ်တဲ့ အထည်ချုပ်စက်ရုံ

ရခိုင်ပြည်နယ် စစ်တွေရှိ Smart အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ရခိုင်တိုင်းရင်းသူ အမျိုးသမီးကို မတ်လ ၈ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - ညွှန့်ဝင်း၊ အီးပီအေ) Smart အထည်ချုပ်စက်ရုံဟာ ရခိုင်ပြည်နယ်မှာ ပထမဦးဆုံး အထည်ချုပ်စက်ရုံဖြစ်ပြီး ၎င်းကို ရခိုင်ပြည်နယ် ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရတို့ရဲ့ ပူးတွဲအစီအစဉ်ဖြင့် ဆောင်ရွက်တာဖြစ်ပါတယ်။ အဆိုပါစက်ရုံမှာ အလုပ်သမား ၁၀၀ ခန့် လုပ်ကိုင်နေကြပါတယ်။