တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ မဟာဗျူဟာဆုုိင်ရာ အလုုပ်ရုံုဆွေးနွေးပွဲကျင်းပနေ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မဟာဗျူဟာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် စက်တင်ဘာလ ၂၆ ရက်က စတင်ကျင်းပနေသည်။  
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် လက်မှတ်မထိုးသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ ပူးပေါင်းကာ မဟာဗျူဟာဆိုင်ရာ အစည်းအဝေး ကျင်းပနေခြင်း ဖြစ်သည်။