ရေးမြို့နယ်က ငါးများ ပုစွန် အခြောက်လှမ်းသည့် လုပ်ငန်း

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရွားဟောင်းရွာရှိ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းမှ ရရှိလာသည့် ငါးများ ပုစွန်များကို အခြောက်လှမ်းကာ မြန်မာနိုင်ငံတဝှမ်းသို့ ဖြန့်ချိသည့် တနိုင်တပိုင် ရေထွက်လုပ်ငန်း လုပ်ဆောင်နေသည့် လုပ်ငန်းခွင်တခုအား ၂၀၁၅ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) အဆိုပါ တနိုင်တပိုင်လုပ်ငန်းတွင် အမျိုးသမီးအများဆုံး လာရောက်လုပ်ကိုင်ပြီး တရက်လျှင် ငွေကျပ် ၅ ထောင်မှ သုံးသောင်းအထိ ရရှိသည်ဟု သိရပါသည်။