ဒေါ်စု နဲ့ ဦးမင်းကိုနိုင်တို့လို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် IR ကျောင်းသားများကို အိုဘားမား၏ ဒုတိယ အမျိုးသားလုံခြံုရေးအကြံပေး တိုက်တွန်း

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်ပြည်ထောင်စု၏ ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ဘန်ရုဒ် သည် ဇူလိုင်လ၂၀ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်   နိုင်ငံတကာဆက်ဆံရေးဌာနမှ   ကျောင်းသူ၊ ကျောင်းသား များကိုမိန့်ခွန်းပြောကြားခဲ့သည်။ ကျောင်းသူ၊ကျောင်းသားများကို တိုက်ရိုက်မိန့်ခွန်းပြောကြားရာတွင် ၂၀၁၄ ခုနှစ်က သမ္မတအိုဘားမား ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှတ်ချက်တစ် ခုဖြစ်သော " တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဦးမင်းကိုနိုင်တို့လို ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရာမှာ အရေးကြီးတဲ့နေရာမှာ ပါဝင်ကြပါ။ တည်ငြိမ်တဲ့ ၊ သာယာကြွယ်ဝတဲ့၊ တိုးတက်နေတဲ့နိုင်ငံတစ်ခုရဲ့ ရယူပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တွေနေရာကို အရယူကြပါ။ ပြီးတော့ခင်ဗျားတို့ ဒီလိုဖော်ဆောင်တာနဲ့အမျှ ၊ အမေရိကန်ပြည်ထောင်စုထက် ပိုကောင်းတဲ့ မိတ်ဆွေကောင်း၊ လက်တွဲဖော်ကောင်း မရှိနိုင်ဘူးဆိုတာ ကျွန်တော်ကတိပေးပါတယ် " ကိုပြည်လည် ကိုးကားခဲ့ပါသည်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ