DPN နှင့် ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးအဖွဲ့ တွေ့ဆုံ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီနှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးဆိုင်ရာအဖွဲ့(DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၀ ရက် ညနေ ၅ နာရီတွင် စတင်ကျင်းပနေပြီ ဖြစ်သည်။ (ဓာတ်ပုံ- ဖနိဒါ)
DPN ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင် ၇ ဦးနှင့် အစိုးရဘက်မှ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ ဦးခက်ထိန်နန်၊ ဦးလှမောင်ရွှေ၊ ဒေါ်ဒွဲဘူ၊ ဦးမိုးဇော်ဦးနှင့် ဦးကျော်လင်းဦးတို့ ၅ ဦးတို့ လာရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။