အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ့အခမ်းအနား

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓါတုပစ္စည်းများနှင့်အတူ ဆက်စပ်ပစ္စည်းများ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၄)သန်းကျော်ဖိုးခန့် မီးရှို့ဖျက်စီးသည့် အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်   ရွှေမန်းတောင်အားကစားကွင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
၎င်းပွဲသို့မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို စက်ခလုတ်နှိပ်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မူးယစ်ဆေးဝါး၊ ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အားလုံးတန်ဖိုး ဒေါ်လာ(၅၆)သန်းကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့သည် ဟု သိရသည်။
(ဓာတ်ပုံ ဘိုဘို မဇ္ဈိမ)