ဆိုင်ကလုန်း နာဂစ်အပြီး မြင်တွေ့ရသည့် ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအနီးရှိ မရမ်းချောင်းရွာ အခြေအနေ

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က လူပေါင်း သိန်းချီ သေးဆုံးခဲ့သည့် ဆိုင်ကလုန်းနာဂစ်အပြီး လေမုန်တိုင်းဒဏ်ကိုဆိုးရွာစွာ ခံခဲ့ရသည့် ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအနီးရှိ
မရမ်းချောင်းရွာအခြေအနေအားတွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ၈ နှစ်ကျော်ခန့် ကြာပြီဖြစ်သော်လည်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ကျေးရွာများ၊ လူနေမှုဘဝများ နှင့် အလုပ်အကိုင်များ၊ ပညာရေးကဏ္ဍများကို ယခုအချိန်ထိ ပြန်လည်ထူထောင်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရပါသည်။ မုန်တိုင်းဒဏ်ခံခဲ့ရသည့် လူများအနေဖြင့်လည်း စိတ်ခြောက်ခြားခြင်း၊ စိတ်ဒဏ်ရာများ ယခုတိုင်ခံစားနေကြရသည်။