လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ နေပြည်တော်ရုပ်ရှင်ရုံတွင် ဇွန် ၁၄ရက် ညနေက ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ရုပ်ရှင်ဒါရိုက်တာဦးမြင့်သိန်းဖေတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲတွင် ရှမ်းစော်ဘွား စဝ်ကြာဆိုင်အကြောင်း ရိုက်ကူးထားသော Twilight over Burma ဇာတ်ကားကို ပြသရန်စီစဉ်ထားသော်လည်း ရုပ်ရှင်ဆင်ဆာအဖွဲ့မှ ခွင့်မပြုသဖြင့် မပြသနိုင်တော့ကြောင်း သိရသည်။
(ဓာတ်ပုံ-လှိုင်မျိုး၊မဇ္ဈိမ)