သမ္မတဦးထင်ကျော် နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌတွေ့

 
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဌ Mr.Takehiko Nakao အပါအဝင် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် သမ္မတ အိမ်တော်မှာ ဇွန်လ (၁၄)ရက်နေ့ နံနက်ပိုင်းက လာရောက်တွေ့ဆုံစဉ်။
တွေ့ဆုံမှုတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် သမ္မတရုံးခတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင် တို့ တက်ရောက်ခဲ့ကြသည်။ (ဓာတ်ပုံ-မဇ္ဈိမ)