ရိုဟင်ဂျာအလိုမရှိကြောင်း ပခုက္ကူတွင် ဆန္ဒပြ

ရိုဟင်ဂျာအလိုမရှိကြောင်း နှင့် အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ထုတ်ပြန်ပေးရန် တောင်းဆိုကာ ပခုက္ကူမြို့မလမ်းတလျောက် နှင့် ရိပ်သာလမ်းမကြီးတလျောက်တွင် မကွေးတိုင်အမျိုးသားရေးလှုပ်ရှားမှုကွန်ယက်မှ ဦးဆောင်ကာ ဇွန် ၁၃ရက် နေ့လည်က ဆန္ဒဖော်ထုတ်ခဲ့သည်။ ၎င်းဆန္ဒပြပွဲနှင့်ပတ်သက်၍ မကွေးတိုင်း မဘသ နှင့် ပခုက္ကူမြို့နယ် မဘသ ဥက္ကဌဆရာတော်တို့မှလည်း မဘသနှင့် မသက်ဆိုင်ကြောင်း ကြေငြာထားခဲ့ပါသည်။ (ဓာတ်ပုံ- ပြည့်ဖြိုးကျော်)