ဓာတ်လိုက်သေဆုံးသည့် လေးတန်းကျောင်းသား၏ ရုပ်အလောင်း မီးသဂြိုလ်

လျှပ်စီးဝင်နေသောဓါတ်တိုင်ကိုင်ရာမှ ဓါတ်လိုက်သေဆုံးသွားသည့် လေးတန်းကျောင်းသား မောင်မြတ်ကိုကိုကို ဇွန် ၂ရက် နေ့လည်က ထိန်ပင်သုဿန်၌ မီးသဂြိုလ်လိုက်သည်။
လှိုင်မြို့နယ် မယ်စီကုန်းလမ်းတွင် နေထိုင်သည့် လေးတန်းကျောင်းသား မောင်မြတ်ကိုကို၏ နာရေးကို လျှပ်စစ်ရုံးဝန်ထမ်းများလည်း လိုက်ပါပို့ဆောင်ခဲ့သည်။
(ဓာတ်ပုံ - မဇ္ဈိမ)