၂၀၁၆ ခုနှစ် မေလ ၃၁ ရက်နေ့ညပိုင်းမှ စပြီး မန္တလေးမြို့တွင် မိုးရွားသွန်းလျက်ရှိရာ မန္တလေးမြို့ရှိ ရွှေတချောင်း မြောင်းအတွင်း မျောပါလာပြီး ချောင်းကူးတံတားများတွင် ပိတ်ဆို့နေသော အမှိုက်များကို မန်းစည်ပင်လုပ်သားများမှ ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းနေစဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတစ်ခုကို ပြုပြင်ပြောင်းလဲနေချိန်တွင် ပြည်သူများဘက်မှလည်း စည်းကမ်းလိုက်နာရန် လိုအပ်လာပြီဖြစ်ရာ ချောင်းများ၊ မြောင်းများအတွင်းသို့အမှိုက်စွန့်ပစ်ခြင်းများကို တတ်နိုင်သမျှ မပြုလုပ်ကြရန် အရေးကြီးသည်။