ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ၁၉ရက်တွင် ကျရောက်မည့် ၇၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုကာ Suu’s Solo Photo Showကို မေလ ၁၃ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပြီး ရရှိလာသောအမြတ်များကို ရေရှားပါးသော ဒေသများသို့ စက်ရေတွင်းလှူဒါန်းမည်။ အဆိုပါ ဓါတ်ပုံပြပွဲကို မေလ ၁၃ရက်မှ ၁၅ရက်အထိ ရန်ကုန်မြို့၊ နဝဒေးလမ်း Think Art Gallery တွင် ကျင်းပလျက်ရှိသည်။ (ဓာတ်ပုံ- ဂျာဆိုင်းပန်၊မဇ္ဈိမ)