ဘင်္ဂ ါလီများကို ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲ နေခြင်းအပေါ် အစိုးရက ဖြေရှင်းပေးရန် တောင်းဆို ဆန္ဒပြ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ထုတ်ပြန်ထားသော တိုင်းရင်းသား (၁၃၅)မျိုးတွင် မပါဝင်သော ဘင်္ဂ ါလီများကို ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲ နေခြင်းအပေါ် အစိုးရမှ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ဖြေရှင်းပေးရန် တောင်ဆိုသော ဆန္ဒထုတ်ဖော်မှု ကို ဝံသာနုရက္ခိတစနေ လူငယ်အသင်းမှဦးဆောင်ကာ မန္တလေးအမျိုးသာရေးအင်အားစုများမှ ၂၀၁၆ ခုနှစ် မေလ ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၁၉ လမ်းရှိ နန်းတော်ရှေ့အားကစားကွင်းမှ ၂၆ လမ်းနှင့် ၆၂ လမ်းထောင့်အထိ ချီတက်ဆန္ဒထုတ်ဖော်ကြစဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) ယခုလိုချီတက်ဆန္ဒထုတ်ဖော်ရာတွင် အင်အား ၅၀၀ ခန့်ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အမေရိကန်သံရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲမှု အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးမှ တရားဝင်ကန့်ကွက်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ကြသည်။