ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ ့မှ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ် ထောင်ဒဏ် ၄နှစ်ချမှတ်ခံရ

လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁)အပြင် မတရားသင်းပင်းမှု ပုဒ်မ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ် တို့အား ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက် ရက် ညနေပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်လာသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ကို ၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာသို့ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်ချီတက်ရာတွင် မတရားသင်းပင်းမှု ပုဒ်မ ၁၇(၁) အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည်။ ၎င်းတို့သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့သွားရောက်လည်ပတ်သည့်အတွက်လည်း လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့်အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီးလည်းဖြစ်ကာ စုစုပေါင်း ပုဒ်မ ၂ ခုအတွက် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်သီးခြားကျခံရမည်ဖြစ်သည်။