KBZ mBanking

ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မှ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ် ထောင်ဒဏ် ၄နှစ်ချမှတ်ခံရ

လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အပြင် မတရားသင်းပင်းမှု ပုဒ်မ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မှ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ် တို့ အား ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက် ရက် ညနေပိုင်းက မန္တလေးမြို့  ချမ်းအေးသာစံမြို့ နယ်တရားရုံးတွင် ရုံးထုတ်လာသည်ကိုတွေ့ ရစဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ) ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ ကို ၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာသို့ ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်ချီတက်ရာတွင် မတရားသင်းပင်းမှု ပုဒ်မ ၁၇(၁) အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည်။ ၄င်းတို့ သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက်လည်ပတ်သည့်အတွက်လည်း လ၀ကအက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့်အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီးလည်းဖြစ်ကာ စုစုပေါင်း ပုဒ်မ ၂ ခုအတွက် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်သီးခြားကျခံရမည်ဖြစ်သည်။