လဝက ဥပဒေဖြင့် အရေးယူခံရသော ဦးညီညီလွင် (၇ ) ကြိမ်မြောက်ရုံးထုတ်

လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် အရေးယူခံထားရသော ဦးညီညီလွင်(ခ)ဂမ္ဘီရအား မန္တလေးမြို့မဟာအောင်မြေ မြို့နယ်တရားရုံးတွင် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက် နံနက်ပိုင်းက (၇)ကြိမ်မြောက် ရုံးထုတ်လာသည်ကို တွေ့ရစဉ်။ ဧပြီ ၅ ရက်ကိုနောက်ထပ်ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုခဲ့သည်။
"အခုလိုဖမ်းတာဟာ မတရားသဖြင့် အမှုဆင်ဖမ်းတယ်ဆိုတာ ရှင်းပါတယ်၊ ကျွန်တော် တာချီလိတ်၊ မယ်ဆိုင်တံတားပေါ်ကနေ တရားဝင်ဖြတ်သန်းသွားလာခဲ့တာပါ။ ဥပဒေမဲ့ ဝင်ထွက်သွားလာခဲ့တာ မဟုတ်ပါဘူး။ နောက်ပြီးဖမ်းတာကလည်း တာချီလိတ်နဲ့မိတ္ထီလာကို ဖြတ်ခဲ့ပြီး မန္တလေးရောက်မှဖမ်းတယ်ဆိုတော့ မတရားအမှုဆင်ဖမ်းတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါပေမယ့် ဒီနေ့ပြီးသွားပါပြီ။ သူတို့တွေဆင်းသွားပြီဆိုတော့။
အစိုးရသစ်လက်ထက်မှာ ဆက်ရင်ဆိုင်ရမှာပေါ့။ အစိုးရအသစ်ကတော့ ပြည်သူ့အစိုးရလို့ကျွန်တော်ယုံကြည်ပါတယ်။ မှန်မှန်ကန်ကန် အတိုင်းပဲလူထုအတွက် လုပ်ပေးမယ်လို့ယုံကြည်တယ်။ သမ္မတ ဦးထင်ကျော်နဲ့အစိုးရသစ်ကို ကြိုဆိုပါတယ်" ဟု ဦးညီညီလွင်(ခ)ဦးဂမ္ဘီရက မဇ္ဈိမကိုပြောသည်။
 (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)