နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှုဆောင်များနှင့် နယကများ ပထမဆုံးအကြိမ် မိတ်ဆက်တွေ့ဆုံ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီးများဖြစ်ကြသည့် ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)နှင့် ဦးစိန်တင် (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး) တို့အား မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှုဆောင်များနှင့် ပထမဆုံးအကြိမ် မိတ်ဆက်တွေ့ဆုံခဲ့ကြပြီး သြဝါဒခံယူခဲ့ကြသည်။ အဆိုပါ နာယကကြီးနှစ်ဦးအား နာရေးကူညီမှုအသင်း(ရန် ကုန်) ၁၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်းဥက္ကဌ ဦးကျော်သူက ပြောသည်။ (ဓာတ်ပုံ- ကျော်ဟိန်း)