နေမဝင်ဆည်းဆာ အနုပညာပွဲတော် ပြုလုပ်

ရန်ကုန်၊ မတ် ၂၅ ။           ။ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ၊ သဘင် စသည့် အနုပညာရပ်ဝန်းအသီးသီးမှ သက်ကြီးဘိုးဘွားများအား စောင့်ရှောက် ကူညီနိုင်စေရန်အတွက် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ရေး ပြုလုပ်သော နေမဝင်ဆည်းဆာ အနုပညာပွဲတော်ကို ရန်ကုန်မြို့၊ အမျိုးသားက ဇာတ်ရုံတွင် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်လျက်ရှိပြီး ယင်းအနုပညာပွဲတော်မှ ရရှိလာသော အကျိုးအမြတ်များအားလုံးကို အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် လှူဒါန်းအသုံးပြုသွားမည် ဖြစ်သည်။ (ဓါတ်ပုံ - ဖြိုးသီဟ မဇ္ဈိမ)