ဘုရင်နောင်စျေး မီးလောင်မှုဆိုင်ခန်း ၃၂ ခန်းမီးလောင်ဆုံးရှုံး

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဈေး ရုံ ခ ရုံကြီး ၁၄ ကားပစ္စည်းဝန်းတွင် မတ် ၁၆ရက် နံနက် ၉နာရီ ဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၃၂ခန်း ပျက်စီးဆုံးသည်။ မီးလောင်းကျွမ်းရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယဉ် ၃၇စီး ရေသယ်ယာဉ် ၉စီး အုပ်ချုပ်မှုယဉ် ၇စီး လှေကားမီးငြိမ်းယာဉ် ၂စီး မိတ်ဖက်ယာဉ် ၁ အထောက်အကူပြုယာဉ် ၂စီး ဖြင့် ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ပြီး ၁၁ နာရီတွင် မီးငြိမ်းနိုင်ခဲ့သည်။ (ဓာတ်ပုံ-မျိုးသူအောင် မဇ္ဈိမ)