ဂျပန်ဆူနာမီ ၅နှစ်ပြည့်ပြီ

ဂျပန်နိုင်ငံမှာ လူပေါင်း ၁၈၀၀၀ ခန့်သေဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ ဆူနာမီငလျင် ကြေကွဲဖွယ်အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့တာ ၅ နှစ်ပြည့်ပါပြီ။ ၂၀၁၁ခုနှစ် မတ်လ ၁၁ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် ယနေ့ ဒေသစံတော်ချိန် နေ့လယ် ၂နာရီ ၄၆မိနစ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁မိနစ်ခန့် ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။ (ဓာတ်ပုံ- အီးပီအေ)