ရန်ကုန်အသင်းနှင့် FNI အာမခံကုမ္ပဏီတို့ (၁)နှစ်စပွန်ဆာ စာချုပ်ချုပ်

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် FNI အာမခံကုမ္ပဏီတို့ ဒေါ်လာသုံးသိန်းတန် တစ်နှစ်စာ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲအား ဖေဖော်ဝါရီလ ၂၀ ရက် (ယနေ့နေ့လည်ပိုင်း) တွင် ရန်ကုန်ယူနိုက်တက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစပွန်ဆာစာချုပ်ကြောင့် ရန်ကုန်အသင်းသည် ၂၀၁၆ ဘောလုံးရာသီတစ်နှစ်လုံးတွင် အသင်းအင်္ကျီရင်ဘတ်၌ FNI အာမခံကုမ္ပဏီ၏ လိုဂိုအား အသုံးပြုသွားမည် ဖြစ်သည်။
ဓာတ်ပုံ - ရွှေဘုတ် / Mizzima