ဦးညီညီလွင် (ခ) ဂမ္ဘီရအား (၄) ကြိမ်မြောက်ရုံးထုတ်

လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အရေးယူခံထားရသော ဦးညီညီလွင် (ခ) ဂမ္ဘီရအား မန္တလေးမြို့မဟာအောင်မြေ မြို့နယ်တရားရုံးတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက (၄) ကြိမ်မြောက် ရုံးထုတ်တွင် ရှေ့နေမှ ဆေးကုသမှုမှတ်တမ်းများကို ရုံးတော်သို့တင်ပြပြီး အာမခံပေးရန် ထပ်မံတောင်းဆို ထားကာ နောက်ထပ်ရုံးချိန်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထပ်မံချိန်းဆိုလိုက်သည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)