သမ္မတဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုပေးပွဲ

သမ္မတသက်တမ်းကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် ဦးသိန်းစိန်က သူ့သက်တမ်းတွင် နောက်ဆုံးပေးအပ်သည့် နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြင့်ပွဲအခမ်းအနားအား နေပြည်တော်ရှိ MICC-2တွင် ဖေဖော်ဝါရီ ၉ရက် ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ သမ္မတဦးသိန်းစိန်ပေးအပ်သည့် စွမ်းဆောင်ရည်ဆုအမျိုးအစား ၃၃မျိုးအနက် ပရဟိတသမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများကို ပေးအပ်ခြင်း မရှိဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရဝန်ကြီး၊ ဒုဝန်ကြီးများကိုသာ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်ခိုင်သန်းတို့ တက်ရောက်ကြသည်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)