ရေနံသာအဆင့်မြင့် ကုန်ထုတ်သမကို ပုံစံ(၇)ထုတ်ပေး၍တောင်သူများ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်စရစ်မြောက်ကျေးရွာ ကွင်းအမှတ် (၁၄၃၊၁၄၄) နှင့်ရေနံ့သာကွင်း အမှတ် (၁၄၉) အတွင်းရှိ လယ်မြေ ဧက ၆၀၀ ကျော်သည် ဓါးမဦးချပိုင်ဆိုင်သော ဒေသခံတောင်သူများနှင့် ရေနံ့သာအဆင့်မြင့် ကုန်ထုတ်သမဝါယမအသင်းတို့ ပိုင်ဆိုင်ခွင့်အငြင်းပွားဆဲဖြစ် အခြေနေတွင် ရေနံ့သာအဆင့်မြင့်ကုန်ထုတ်သမအသင်းသို့ ပုံစံ (၇) ချထားပေးလိုက်သည်ကို မကျေနပ်သောကြောင့် ဒေသခံတောင်သူ ၁၀၀ ဦးကျော်တို့က မြို့နယ်မြေစာရင်းနှင့်မြို့နယ်ထွေ/အုပ်ကို ဇန်နဝါရီလ ၂၀ ရက်၊နံနက် ၁၀ နာရီမှစတင်၍ မတ္တရာမြို့တွင်းလှည့်လည်၍ ဆန္ဒပြလျှက်ရှိသည်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)