တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > “သိမ်း” Thane ဆိုင်ကလုန်းအမည် မြန်မာပေးခဲ့

“သိမ်း” Thane ဆိုင်ကလုန်းအမည် မြန်မာပေးခဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။          ။သောကြာနေ့က အိန္ဒိယအရှေ့ပိုင်းကမ်းခြေကို တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်း အမည် “သိမ်း” (Thane) အား မြန်မာနိုင်ငံက ပေးခဲ့ခြင်းဖြစ်ကြောင်း India Today တွင် ရေးသားထားသည်။

tropical-cyclone-thane

အိန္ဒိယမိုးလေဝသ နှင့် ဇလဗေဒဌာန၏ ပြောကြားချက်အရ၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာကို အခြေပြုတိုက်ခတ်သော ဆိုင်ကလုံးမုန်တိုင်းနာမည်များအား အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန် နှင့် ထိုင်းနိုင်ငံများက အလှည့်ကျ နာမည်ပေးသည်ဟု သိရသည်။

၂၀၀၄ ခုနှစ်မှ စတင်အသက်ဝင်ခဲ့သည့် ကမ္ဘာ့မိုးလေဝသ နှင့် ဇလဗေဒအဖွဲ့နှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မရှင်တို့မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ ယခုကဲသို့ နာမည်သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံ ရှစ်နိုင်ငံသည် အမည် ၆၄ ခုအား ပြင်ဆင်ထားပြီး အလှည့်ကျ ကြေညာသည်။ ယခု ဘင်္ဂလား ပင်လယ်အော်သို့ ရွေ့လျားနေသော ဆိုင်ကလုံးနာမည် သိမ်း (Thane) အား မြန်မာနိုင်ငံမှ ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်များက ပေးခဲ့သော နိုင်ငံနှင့် ဆိုင်ကလုံး နာမည်များမှာ။

  •     လိုင်လာ (ပါကစ္စတန်)၊ နစ်ရှား (ဘင်္ဂလားဒေ့ရှ်) ၂၀၁၀
  •     ဖျန်း (မြန်မာ) ၂၀၀၉
  •     အိုင်လာ (မော်လဒိုက်) ၂၀၀၉
  •     ဘီဂျလီး (အိန္ဒိယ) ၂၀၀၉
  •     ရက်ရှ်မီး (သီရိလင်္ကာ) ၂၀၀၈
  •     နာဂစ် (ပါကစ္စတန်) ၂၀၀၈

သောကြာနေ့က တိုက်ခတ်ခဲ့သည့် “သိမ်း”မုန်တိုင်းဒဏ်ကြောင့် အိန္ဒိယတောင်ပိုင်း ပွန်ဒီချယ်ရီကမ်းခြေနှင့် တမီလ်နာဒူးပြည်နယ်ကမ်းခြေမှ လူ ၃၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း စနေနေ့ထုတ် Times of India သတင်းစာတွင် ဖော်ပြပါရှိသည်။

ဤမုန်တိုင်းအရှိကြောင့် မြန်မာနိုင်ငံတွင်လည်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကြားမိုးရွာနိုင်ပြီး ကမ်းရိုးတမ်းနှင့်ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း မြန်မာ့မိုးလေ၀သနှင့်ဗလဗေဒမှ ထုတ်ပြန်သတိပေးထားသည်။
 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1160 guests online