တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ပူးတွဲလုံခြုံရေးဖြင့် တရုတ်ကုန်သင်္ဘော ၁၀ စီး မဲခေါင်မြစ်မှ ထိုင်းသို့ရောက်ရှိ

ပူးတွဲလုံခြုံရေးဖြင့် တရုတ်ကုန်သင်္ဘော ၁၀ စီး မဲခေါင်မြစ်မှ ထိုင်းသို့ရောက်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။         ။ မဲခေါင်မြစ်အတွင်း ပထမဆုံးအကြိမ် မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ် လေးနိုင်ငံ ပူးတွဲ လုံခြုံရေးဖြင့် ယူနန်ပြည်နယ် ဂွမ်းလီဆိပ်ကမ်းမှ တရုတ်ကုန်တင်သင်္ဘော ၁၀ စီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းဆန်မြို့ ဆိပ်ကမ်းသို့ တနင်္ဂနွေနေ့က ချောမောစွာ ဆိုက်ရောက်ကြောင်း ဆင်ဝှါသတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံဆုံသည့် ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ပေါ်တွင် အောက်တိုဘာ ၅ ရက်က တရုတ် သင်္ဘော နှစ်စင်းမှ တရုတ်သင်္ဘောသား ၁၃ ဦး ပစ်သတ်ခံရပြီးနောက် နှစ်လကျော်ကြာ ရပ်ထားရာမှ ပထမဆုံး အကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

ယူနန်ပြည်နယ်မှ စနေနေ့က ပူးတွဲလုံခြုံရေးရေယာဉ် ၅ စီးဖြင့် ထွက်ခွာလာသည့် တရုတ်သင်္ဘောများ ထိုင်း-လာအို နယ်စပ် မဲခေါင်မြစ်အတွင်း ဝင်လာစဉ် “ထိုင်းစက်သေနတ်ကိုင် တပ်ဖွဲ့များ၊ လက်နက် တပ်ဆင်ထားသည့် ရဟတ်ယာဉ်များဖြင့်”  လုံခြုံရေးယူပြီး ကြိုဆိုကြောင်း တနင်္လာနေ့ ဆင်ဟွာသတင်းက ဆိုသည်။

တချိန်တည်းတွင် တရုတ်သင်္ဘောများ ထွက်ခွာသည့် ရက်ပိုင်းတွင် မဲခေါင်မြစ်ပေါ်၌ တိုက်ပွဲတချို့ ဖြစ်ပွားကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
4country
တရုတ်သင်္ဘော ၁၀ စီး ရောက်ရှိသည့် တနင်္ဂနွေနေ့က မဲခေါင်မြစ်ပေါ်တွင် မြန်မာ-လာအို ပူးတွဲ ကင်းလှည့်တပ်ဖွဲ့ များနှင့် စိုင်းနောင်ခမ်းအဖွဲ့တို့ အကြားတိုက်ပွဲကြောင့် မြန်မာစစ်သား ၃ ဦး ကျဆုံးကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာ၏ တနင်္လာနေ့ သတင်းတွင် ပါရှိသည်။

“ရွှေတြိဂံနယ်မြေ မြောက်ဘက် ကီလိုမီတာ ၂၀ ခန့် အကွာ၊ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရသည့် နေရာ အနီး၌ ဖြစ်သည့် ယမန်နေ့တိုက်ပွဲတွင် မြန်မာစစ်သား ၃ ဦးကျဆုံးသည်” ဟု သတင်းစာတွင် ဖော်ပြသည်။

သီးခြားအတည်ပြုချက် မရသေးသည့် ယင်းတိုက်ပွဲနှင့် ပတ်သက်၍ တာချီလိတ်မြို့ခံ ဝန်ထမ်းဟောင်းတဦးကမူ တာချီလိတ် အခြေစိုက် ခမရ ၅၂၆ နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်က တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၁၅ မိုင်ကျော်ရှိ ဝမ်ပုံမြို့နယ်၊ ပါစာကျေးရွာအုပ်စု ဆန်ဖူးကျေးရွာအနီး ကုန်းပေါ်တွင် ဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ညကလည်း ဗုံးတလုံးကွဲခဲ့သည်ဟု ဆက်ပြောသည်။

“သူတို့ မူးယစ်ဆေးဝါးအဖွဲ့နဲ့ ဟိုဘက်ဒီဘက် အပြန်အလှန်ပစ်တယ် ပြောတယ်။ တပ်ကဟာဆိုတော့ အတိအကျ
မေးလို့ မကောင်းဘူး” ဟု ဆိုသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S မှ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်းကမူ ယင်းနယ်မြေအတွင်း SSA-S တပ်ဖွဲ့များ ရှိ၊ မရှိ ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်မှ စနေနေ့ နေ့လည်က ဆက်သွယ် မေးမြန်းခဲ့သည်ဟု ဆိုသည်။

“တြိဂံတိုင်းတာဝန်ရှိသူတွေက နေ့လည်ပိုင်းမှာ မေးလာတယ်။ အမည်မသိတဲ့ လက်နက်ကိုင် တပ်ဖွဲ့ကို သူတို့က လိုက်ပြီးတော့ ဝိုင်းနေတယ်။ အဲဒါ ကျနော်တို့ တပ်ဖွဲ့ဖြစ်ရင် တိုက်မှားမှာစိုးလို့ ဆိုပြီးတော့” ဟု သူက ပြောသည်။

တိုက်ပွဲဖြစ်ရာနေရာအနီးတွင် အပစ်သတ်ခံ သင်္ဘောသား ၁၃ ဦး လိုက်ပါလာသည့် တရုတ်အလံတင် ‘Hua Ping’ အမည်ရှိ သင်္ဘောပေါ်မှ စိတ်ကြွဆေး ၅၂၀,၀၀၀ ပြားနှင့် “Yu Xing 8 Hao” အမည်ရှိ သင်္ဘောမှ ၄၀၀,၀၀၀ ပြား မိခဲ့သည်။

ထိုင်းနိုင်ငံ ပါမောင်းအထူးတပ်ဖွဲ့က စိုင်းနော်ခမ်း အဖွဲ့လက်ချက် ဟု သံသယရှိခဲ့သော်လည်း နောက်ပိုင်းတွင် အမှုနှင့် ဆက်စပ်နေသူ ပါမောင်း အထူးတပ်ဖွဲ့ဝင် အရာရှိ ၉ ဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆိုလိုက် သည်။ ယင်းအမှုသည် တရားရုံးချုပ်သို့ ရောက်နေပြီဟု ထိုင်း အမှတ် ၅ ရဲတိုင်းဒေသ ဒုရဲချုပ် ရဲဗိုလ်ချုပ် စစ်ထိဖွန်း ဆရစ်ချန်ထပ် Sitthiporn Srichanthap က ဘန်ကောက်ပို့စ်ကို တနင်္ဂနွေနေ့က ပြောသည်။

မြန်မာစစ်တပ်အရာရှိကြီးများနှင့် နီးစပ်သူ စိုင်းနောင်ခမ်းသည် မူးယစ်ဆေးဝါးဖြင့် နာမည်ကြီးသည့် ခွန်ဆာ၏ MTA အဖွဲ့တွင် အုပ်ချုပ်ရေးအရာရှိတဦး ဖြစ်ခဲ့ဖူးကာ ခွန်ဆာလက်နက်ချသွားပြီးနောက် တာချီလိတ်မြို့တွင် နေထိုင်ခဲ့
သေးသည်။ ၂ဝဝ၆ ခုနှစ်တွင် လက်နက်နှင့် စိတ်ကြွဆေးပြား သန်းနှင့်ချီ တွေ့ပြီးနောက် တာချီလိတ် တွင်မနေ
တော့ပဲ မဲခေါင်မြစ်တွင်း သင်္ဘောများထံမှ ဆက်ကြေးကောက်နေကြောင်း ဒေသခံများနှင့် လေ့လာသူများက
ပြောသည်။

မဲခေါင်မြစ်အတွင်း လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ ပီကင်းမြို့တော်တွင်
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို တက်ရောက်သည့် တရုတ်၊ လာအို၊ ထိုင်း၊ လေးနိုင်ငံ အစည်းအဝေးမှ
အောက်တိုဘာ ၃၁ တွင် သဘောတူခဲ့ကြသည်။

စနေနေ့က ပူးတွဲလုံခြုံရေးယူလာသည့် ၁ဝ စင်တီမီတာအထူ သံအကာကွယ်များဖြင့် စီမံထားသည့် ရေယာဉ် ၅ စီးကို စက်သေနတ်ကြီးများတပ်ဆင်ထားပြီး လိုက်ပါလာသည့် မောင်းပြန်သေနတ်များ ကိုင်ဆောင်ထားသော အထူးရဲ ၃၀၀ကျော် များကိုလည်း ကျည်ကာအင်္ကျီများ ဝတ်ဆင်ထားစေကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. မြန်မာအမျိုးသမီး ကိုယ်စားလှယ်များ အိန္ဒိယ လေ့လာရေးခရီး ပြီးဆုံး
  2. အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျဟု အမေရိကန်မှာ မြန်မာသမ္မတပြော
  3. 'သေမင်းတမန်' ရထားလမ်း ပြတိုက် ပြုပြင်ခြင်းလုပ်ငန်း မစနိုင်သေး
  4. တလခွဲအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ဝင်ရောက်လာ
  5. ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း
  6. တရားမဝင်နယ်စပ် ဖြတ်ကျော်သူ မြန်မာနိုင်ငံသား ၂၀ ဦး ထောင်ဒဏ် ၅ နှစ် ကျခံရဖွယ်ရှိ
  7. လုံခြုံရေးအတွက် အာမခံမှု မပေးနိုင်၍ အမျိုးသမီး အလုပ်သမား စေလွှတ်မှု စောင့်ကြည့်
e-letter-burmese

Who is Online

We have 83 guests online