တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > နအဖ ဥပဒေကို လက်မခံရန် စီအာပီပီက နိုင်ငံတကာ အမတ်တွေကို မေတ္တာရပ်ခံ

နအဖ ဥပဒေကို လက်မခံရန် စီအာပီပီက နိုင်ငံတကာ အမတ်တွေကို မေတ္တာရပ်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။    ။ နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံရေးနှင့် သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်ပေါ်လာရန် နိုင်ငံတကာရှိ လွှတ်တော်အမတ်များအနေနှင့် ကူညီပါရန် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) က ယနေ့ မေတ္တာရပ်ခံလိုက်သည်။

နိုင်ငံတကာရှိ ပါလီမန်အမတ်များကို လိပ်မူထားသည့် မေတ္တာရပ်ခံစာတွင်  နအဖ အနေနှင့် သုံးပွင့်ဆိုင် ဆွေးနွေးရေး မဖြစ်မနေ ပြုလုပ်လာရန်အတွက် သံတမန်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုများကို အပြင်းအထန် ဖိအားပေး လုပ်ဆောင်ရန် သက်ဆိုင်ရာ အစိုးရများကို တောင်းဆိုပေးစေလိုကြောင်း မေတ္တာရပ်ခံ ပါရှိသည်။

စာထဲတွင် “အတိုက်အခံ နိုင်ငံရေးပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်ဘဲ ရေးဆွဲထားသည့် နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံအစိုးရများက လက်မခံနိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာစေရန် သက်ဆိုင်ရာ လွှတ်တော်အမတ်များက အဆို တင်သွင်းပေးကြရန်” တောင်းဆိုထားသည်။

မေတ္တာရပ်ခံစာကို စီအာပီပီအဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက အမည်ခံကာ ပေးပို့ထားခြင်း ဖြစ်သည်။

မြန်မာပြည်အရေးတွင် တာဝန်ရှိသည့် ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နအဖ ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ခြင်း မရှိသည့် တဖက်သတ် လုပ်ဆောင်မှုများကို ရပ်တန့်စေနိုင်ခြင်း မရှိခဲ့ဘဲ၊ လုံခြုံရေးကောင်စီ ကိုယ်တိုင် မြန်မာ့အရေးကို ကိုင်တွယ် ဖြေရှင်းလာစေရေး အောင်မြင်သည်အထိ မကြိုးစားနိုင်ခဲ့သည့်အပြင် ကြားဝင်စေ့စပ်သူ ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ကိုယ်တိုင်ကလည်း နအဖ စစ်အစိုးရဘက်မှ ရှိနေသည့် လေသံမျိုး ထွက်နေသည်ဟု စာထဲတွင် ဝေဖန်ထားသည်။

ထို့အပြင် တရုတ်အစိုးရအနေနှင့်လည်း နအဖ အစိုးရကို ကာကွယ်ပြောဆိုမှုများ ရပ်တန့်ပြီး ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်ပေါ်လာရေးအတွက် နအဖ ကို တိုက်တွန်းပြောဆိုမှုများ လုပ်ဆောင်လာရေးအတွက် နိုင်ငံတကာ အစိုးရများက တောင်းဆိုပေးကြရန် ဆက်လက် မေတ္တာရပ်ခံ ထားသေးသည်။

နအဖ၏ သက်တမ်းကို ပိုမိုတည်တန့်စေရန် ရည်ရွယ် လုပ်ဆောင်သည့် မေလ လူထုဆန္ဒခံယူပွဲတွင် မြန်မာပြည်သူတရပ်လုံးက ကန့်ကွက်မဲပေးရေးအတွက် မိမိတို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လှုံ့ဆော် စည်းရုံးမှုများ လုပ်ဆောင်လာသည် ဖြစ်ရာ နိုင်ငံတကာမှ လွှတ်တော်အမတ်များအနေနှင့် မိမိတို့ဘက်မှ ရပ်တည်ပေးပါရန်လည်း တောင်းပန်ထားသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1148 guests online