တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အတွက် မြန်မာကို အိန္ဒိယအမတ်များ ပန်ကြား

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အတွက် မြန်မာကို အိန္ဒိယအမတ်များ ပန်ကြား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေးနှင့် တပြည်လုံးအနှံ့ အပစ်ခတ် ရပ်စဲရေး အပါအဝင် ပြည်ပရောက် မြန်မာများ လုံခြုံစိတ်ချစွာ ပြန်လာနိုင်အောင် အခြေအနေများ ဖန်တီးရေးတို့ မြန်မာ အစိုးရသစ် အနေဖြင့် လုပ်ဆောင်ပါရန် အိန္ဒိယ အမတ်များက တိုက်တွန်း လိုက်သည်။

သမ္မတ ဦးသိန်းစိန်ထံသို့ လိပ်မူ၍ အိန္ဒိယလွှတ်တော်နှစ်ရပ်မှ အမတ် ၁ဝ၄ ဦးက အင်္ဂါနေ့တွင် စာဖြင့်ပန်ကြားရာ၌ "အရပ်သားအစိုးရဟန် အစိုးရသစ်ကို ကျွန်ုပ်တို့က ကြိုဆိုလိုက်သလို မြန်မာဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ထူထောင်ဖိုနှင့် တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ယူဆောင်လာနိုင်မည့် အမျိုးသား
ပြန်လည် သင့်မြတ်ရေးကိုလည်း ကျွန်ုပ်တို့က မျှော်လင့်လျက်ရှိပါတယ်” ဟု ပါရှိသည်။

အိန္ဒိယပါလီမန်တွင် အများစုဖြစ်သော အိန္ဒိယအမျိုးသား ကွန်ကရက် ပါတီနှင့် အတိုက်အခံ ဗရာတီယာ ဂျနာတာပါတီ၊ အိန္ဒိယကွန်မြူနစ်ပါတီ တို့အပါအဝင် ပါတီပေါင်း ၁၆ ခုမှ အထက်လွှတ်တော် အမတ် ၄၆ ဦးနှင့် အောက်လွှတ်တော် အမတ် ၅၈ ဦးတို့က မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အိန္ဒိယ ပါလီမန်အမတ်များ ဖိုရမ် IPFDB မှ ကမကထပြုသည့်
စာတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
parliamentarian
"သင်၏ အစိုးရသစ်အနေဖြင့် သဘောထားကြီးခြင်း၊ အပြုသဘောဆောင်သော အပြုအမူနှင့် ဒီမိုကရေစီနည်းကျ လက်တွေ့လုပ်ဆောင်ရန် ကိုယ်ပိုင်အာမခံချက်များအပေါ် အခိုင်အမာပြုဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါသည်" ဟု စာတွင် ပါရှိသည်။

နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးပါရန်၊ တပ်မတော်နှင့် လက်နက်ကိုင်
တိုင်းရင်းသား အဖွဲ့များအကြား တပြည်လုံးအနှံ့ အပစ်ခတ်ရပ်စဲမှု ပြုပါရန်၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းပါရန်နှင့် နိုင်ငံရပ်ခြားတွင် နေထိုင်နေကြသော မြန်မာဒုက္ခသည်များ လုံခြုံစိတ်ချစွာနှင့်
မြန်မာပြည်သို့ ပြန်လာနိုင်အောင် အခြေအနေများ ဖန်တီးပေးပါရန်လည်း အမတ်များက ပန်ကြားသည်။

အိန္ဒိယ အထက်လွှတ်တော် ရာဂျာစဘား၌ အမတ် ၂၅၀ ဦး နှင့် အောက်လွှတ်တော် လော့ဘ်စဘား၌ အမတ်
၅၄၅ ဦး ရှိသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင် ၄၃ ခုတွင် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ နီးပါးရှိနေပြီး တံခါးပိတ် တရားခွင်များမှ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ထောင်ချခံနေရသူများလည်း ပါဝင်သည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက အစိုးရတပ်များနှင့် ကရင်၊ ကချင်၊ ရှမ်းတပ်များ အကြား အပစ်ရပ်သဘောတူချက်များ ကျိုးပေါက်ပြီး ထောင်ပေါင်းများစွာသော သူများကို အိုးအိမ် စွန့်ခွာခဲ့မှု
ဖြစ်ရခြင်းအပေါ် စာကညွှန်းဆိုထားပြန်သည်။

နှစ်နိုင်ငံအကြား ယဉ်ကျေးမှု နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသော သမိုင်းကြောင်းကို ထောက်ပြပြီး "မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ မြှင့်တင်ရန်ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အိန္ဒိယတွင် တာဝန်ရှိသည်။” ဟုလည်း ပါရှိသည်။

IPFDB အဖွဲ့ဝင် အိန္ဒိယအမတ်များ၏ လုပ်ဆောင်မှုအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက ကြိုဆိုလိုက်သည်။

“ဒီမိုကရေစီကျင့်စဉ်နဲ့ အုပ်ချုပ်နေတဲ့နိုင်ငံမှာ လွှတ်တော်အမတ်တွေရဲ့ အသံကို အစိုးရဆိုတာ နားထောင်ရတယ်။ အိန္ဒိယမှာ ဒီကျင့်စဉ်အတိုင်း လုပ်နေတာဖြစ်တဲ့အတွက် အစိုးရရဲ့ ပေါ်လစီချရေးအပေါ်မှာ တစုံတရာ သက်ရောက်မှု ရှိလာမယ်လို့ ကျနော်လုံးဝ မျှော်လင့်ပါတယ်”ဟုဒေါက်တာတင့်ဆွေက ပြောသည်။

၂ဝ၁ဝ၊၂ဝ၁၁ ဘဏ္ဍာရေးနှစ်က တရုတ်၊ ထိုင်းနှင့် စင်္ကာပူတို့ပြီးလျှင် မြန်မာပြည်၏ စတုတ္ထအများဆုံး ကုန်သွယ်ဖက်
နိုင်ငံ ဖြစ်သည့် အိန္ဒိယသည် အစောပိုင်းကာလများက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပွင့်ပွင့်လင်းလင်း ထောက်ခံ အားပေးခဲ့သော်လည်း ၁၉၉၃ ခုနှစ်မျှစ၍ မိမိနိုင်ငံအကျိုးကို ရှေ့တန်းတင်သော အရှေ့မျှော်မူဝါဒကို ပြောင်းလဲ ကျင့်သုံးကာ အစိုးရနှင့် ထိတွေ့ဆက်ဆံရေးကို အားပေးခဲ့သဖြင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်ခံရ
လေ့ ရှိသည်။

အိန္ဒိယ မူဝါဒ ချမှတ်သူများက မြန်မာနိုင်ငံတွင် အခြားတဘက်မှ အိမ်နီးချင်းကြီးဖြစ်သော တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် လက်တွေ့ကျသော လုပ်ဆောင်မှုကို ကျင့်သုံးရခြင်းဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။

သို့သော်လည်း မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်မှ နိုဝင်ဘာလအတွင်း လွတ်မြောက်လာပြီးနောက် အိန္ဒိယအစိုးရနှင့် မြန်မာအတိုက်အခံတို့၏ ဆက်ဆံရေးမှာ ပြန်လည် အသက်ဝင်လာခဲ့
ပြန်သည်။

အိန္ဒိယနိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန် နီရူပါမာရောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်
တွေ့ဆုံခဲ့သလို ရန်ကုန်ရှိ အိန္ဒိယသံရုံးတွင် ကျင်းပသော စာပေနိုဗယ်ဆုရှင်  ရာဘင်ခြာနတ်တဂိုး၏ နှစ် ၁၅ဝ ပြည့်
မွေးနေ့ပွဲသို့  ဒေါ်အောင်ဆန်းစုကြည်ကလည်း တက်ရောက်ခဲ့သည်။

အိန္ဒိယအစိုးရ၏ မြန်မာပြည်အပေါ်ထားသည့် မူဝါဒ ပြောင်းလဲသင့်ကြောင်း အိန္ဒိယကွန်မြူနစ်ပါတီမှ အထက် လွှတ်တော်အမတ် D. Raja ကလည်း သဘောတူသည်။

“အိန္ဒိယအစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဝါဒ မြန်မာပြည်မှာထွန်းကားဖို့ တိုက်တွန်း လုပ်ဆောင်တာမျိုး ကျနော်တို့
ဖြစ်စေချင်ပါတယ်”ဟု မြန်မာဒီမိုကရေစီအရေးကို တက်တက်ကြွကြွ လုပ်ဆောင်လေ့ရှိသူ အိန္ဒိယကွန်မြူနစ်ပါတီမှ ဒီရာဂျာက မဇ္ဈိမသို့ ပြောသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1151 guests online