တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဘားမားကင်ပိန်းအဖွဲ့ ဂမ်ဘာရီကို သတိပေး

ဘားမားကင်ပိန်းအဖွဲ့ ဂမ်ဘာရီကို သတိပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။    ။ ရေရေရာရာ ရလဒ်တခု ပေါ်ထွက်လာရေးအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အပေါ် ဖိအားပေးမှုများ တိုးပွါးလာနေသည်။

လန်ဒန်အခြေစိုက် ကင်ပိန်းအုပ်စု တခုက မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ ခရီးစဉ်အပေါ် မြန်မာစစ်အစိုးရ၏ တုံ့ပြန်မှုတွင် ထူးထူးခြားခြား အပြောင်းအလဲ မရှိပါက သူ၏ ကြိုးပန်းမှုများ မအောင်မြင် ကျရှုံးခဲ့ပြီ ဖြစ်ကြောင်း ဝန်ခံ၍ မတူခြားနားသော ချဉ်းကပ်မှု အသစ်များ စတင်ရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း ယုံကြည်ယူဆနေသည်။ 

ကုလသမဂ္ဂ၏ အထူး သံတမန်သည် မနက်ဖြန်တွင် မြန်မာပြည်သို့ ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်ရသည်။ 

“မစ္စတာ ဂမ်ဘာရီ ပြန်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အုပ်စုတွေနဲ့ စစ်အစိုးရတို့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ စတင်နိုင်မဲ့ နေ့ရက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါမယ်လို့ ဂတိဝန်ခံချက် ပြုတာတွေ ပါမလာရင် သူ့ခရီးစဉ်ကို မအောင်မြင်တဲ့ ခရီးစဉ်၊ ရှုံးနိမ့်သွားတဲ့ ခရီးစဉ်လို့ ပြောရမှာဘဲ” ဟု ယူကေကင်ပိန်းမြန်မာ အဖွဲ့မှ ဒါရိုက်တာ အန်နာရောဘတ် Anna Roberts က ပြောဆိုသွားပါသည်။ 

“မြန်မာ ဗိုလ်ချုပ်ကြီးတွေက သူတို့ လုပ်မြဲအတိုင်း ရှေ့ဆက်သွားလို့ ရတယ်လို့ ထင်နေတာ။ ဝမ်းနည်းစရာ ကောင်းတာက ကုလသမဂ္ဂရဲ့ ခပ်ပျော့ပျော့ ချဉ်းကပ်တဲ့ ပုံစံကလဲ သူတို့ကို ဒီလို အထင်ရောက်အောင် အားဖြည့်ပေးလိုက်သလို ဖြစ်သွားတာ” ဟု ရောဘတ်က ဆက်လက် ပြောကြားသွားပါသည်။ 

အဆိုပါ အဖွဲ့အစည်းကြီးက အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန် အနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင် သွားရောက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကုလသမဂ္ဂ၏ အကျိုးစီးပွါးများကို ဆက်လက် ငြင်းဆန်နေခြင်းအား ဆက်လက် သည်းခံမနေနိုင်တော့ကြောင်း ပြင်းထန်သည့် သတင်းစကားကို မြန်မာ ဗိုလ်ချုပ်ကြီးများထံ ပေးအပ်ရန် အဆိုပြုထားသည်။ 

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး ပြီးကတည်းက ‘အလွန် ဆိုးရွားစွာ တိုးမြင့်လာ’ ခဲ့ကြောင်း ယူကေကင်ပိန်း အဖွဲ့ကြီးက အခိုင်အမာ ပြောဆိုသွားသည်။ 

နိုင်ငံတကာ၏ ချဉ်းကပ်မှုတွင် မစ္စတာဘန်၏ ကြိုးပန်းမှုကို အထောက်အကူ ပြုရန်အတွက် လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာ့အရေး စည်းနှောင်မှုပါသော ဆုံးဖြတ်ချက် တရပ်ကို အတွင်းရေးမှူးချုပ်အား ပေးအပ်၍ လက်နက်တပ်ဆင် ပေးသင့်ကြောင်းဖြင့်လည်း ထိုအဖွဲ့က တောင်းဆိုထားသည်။ 

နိုင်ငံတကာနှင့် ပြည်တွင်းဖိအား မည်မျှများစေကာမူ စစ်အစိုးရသည် သူတို့၏ တဘက်သတ် ရေးဆွဲထားသော “လမ်းပြ မြေပုံ” ဖြင့် ဇွတ်ရှေ့ဆက်တိုးမည့် အလားအလာများ ပိုမို ပေါ်ထွက်လာနေချိန်ဝယ် ယခုကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ ပါဝင်သည့် တောင်းဆိုသံ ပေါ်ထွက်လာခြင်း ဖြစ်သည်။ 

မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် အတုအယောင်သာ ဖြစ်သည်ဟုလည်း ယူကေဘားမားကင်ပိန်း အဖွဲ့ကြီးက ပြောဆိုသွားသည်။ ယမန်နှစ်က ဖြစ်ပွါးခဲ့သော မငြိမ်မသက်မှုများအပြီး တတိယ အကြိမ်မြောက်အဖြစ် သွားရောက်မည့် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် မြန်မာပြည်တွင်းတွင် အဓိပ္ပါယ်ရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာရန် လုပ်နိုင်စွမ်းရှိကြောင်း ပြသရန် နောက်ဆုံး အခွင့်အရေးပင် ဖြစ်သည်။ 

ဗီတိုအာဏာ သုံးစွဲခွင့်ရှိသော ရုရှားနှင့် တရုတ် ၂ နိုင်ငံလုံးက မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် တရပ်ကို ဇန်နဝါရီလ ၂ဝဝ၇ ခုနှစ်တွင် ဗီတိုသုံး၍ ပယ်ချခဲ့သည်။ သို့သော် ထိုနှစ်နိုင်ငံစလုံးသည် ထိုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံကို ရှုတ်ချသည့် ကြေညာချက်တစောင် ထုတ်ပြန်ရာတွင်မူ အခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့်အတူ ပူးတွဲ ပါဝင်ခဲ့သည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1141 guests online