တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > နိုင်ငံတကာ အမျိုးသမီးနေ့၊ တန်းတူညီမျှရေးအတွက် ချီတက်

နိုင်ငံတကာ အမျိုးသမီးနေ့၊ တန်းတူညီမျှရေးအတွက် ချီတက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမျိုးသမီးများ တန်းတူညီမျှခွင့် ပိုမိုပေးအပ်ရန် နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ရာပေါင်းများစွာသော မြန်မာ၊ ထိုင်းနှင့် ကမ္ဘာတဝှန်းမှ အမျိုးသမီးများသည် အင်္ဂါနေ့တွင် ချင်းမိုင်မြို့ပေါ်၌ ချီတက်ဆန္ဒပြခဲ့သည်။

ယခင် အမျိုးသမီးခေါင်း ဆောင်ဟောင်းများကို အသိအမှတ်ပြုရန်နှင့် ယနေ့ကမ္ဘာတွင် အမျိုးသမီးများကို တန်းတူညီမျှခွင့် ပိုမိုပေးရန် စာတန်းများ ကိုင်ဆောင်၍ ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ချီတက်ပွဲသို့ အမျိုးသမီးအခွင့်အရေးနှင့် ကျား-မ 100th-world-women-day-1တန်းတူညီမျှခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသော အန်ဂျီအိုများ၊ ကုသိုလ်ဖြစ်အဖွဲ့များ အများအပြား ပါဝင်ဆင်နွှဲခဲ့ကြသည်။ မြန်မာအမျိုးသမီးများကမူ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရှိ အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်များကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

၎င်းတို့က `အမျိုးသမီးများမပါရှိသော လွှတ်တော်သည် လွှတ်တော်မဟုတ်´ ဆိုသော ကြွေးကြော်သံလည်း ပါဝင်ခဲ့သည်။

ချီတက်ဆန္ဒပြသူ အမျိုးသမီးများသည် ထိုင်းနိုင်ငံရှိ သူတို့၏ လွတ်လပ်ခွင့်ကို အသုံးချကာ သူတို့ကဲ့သို့ ဆန္ဒပြခွင့် မရသော မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ဆန္ဒပြကြသည်ဟု အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက မဇ္ဈိမကို ပြောသည်။

International Women`s day
ဆန္ဒပြသူ တဦးကလည်း “ကျမတို့ ဒီလိုကိစ္စတွေ လုပ်နိုင်တယ်၊ ဒီလိုနေ့မျိုးကို ဒီမှာကျင်းပနိုင်တယ်။ ဒါကြောင့် ကျမတို့က ကိုယ့်ကိစ္စအတွက်သာ မဟုတ်ဘူး၊ မြန်မာနိုင်ငံက အမျိုးသမီးတွေ အတွက်လည်း တောင်းဆိုတိုက်ပွဲဝင်မယ်။ သူတို့ကို ပစ်မထားဘူးဆိုတာ ပြချင်လို့ပါ’’ ဟု ပြောသည်။

’’မြန်မာနိုင်ငံထဲမှာ ဒီလိုနေ့မျိုးကို မကျင်းပနိုင်တဲ့ အမျိုးသမီးတွေ အများကြီး ရှိတယ်။ သူတို့ အခွင့်အရေးအတွက် တောင်းဆိုတင်ပြတာ မလုပ်နိုင်သူတွေ အများကြီး ရှိတယ်။ ဒါကြောင့် သူတို့ကိုယ်စား ပြောပေးချင်တာပါ’’ ဟု သူက ဆိုသည်။

ဒေါ်တင်တင်ညိုက “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့အထိ ကျား-မ တန်းတူရေး ရတဲ့အထိ ကျမတို့က ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်’’ ဟု မဇ္ဈိမကို ပြောသည်။

ပြည်ပရောက် မြန်မာအမျိုးသမီးများအနေဖြင့် ယခုလို နိုင်ငံတကာ အမျိုးသမီးနေ့တွင် ပြည်တွင်းမှ အမျိုးသမီးများနှင့် တသွေးတသားထဲရှိကြောင်း ပြသရန်နှင့် ပြည်တွင်းမှ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေး၊ ခေါင်းဆောင်မှုတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရေး၊ အမျိုးသမီး နိုင်ငံရေးအကျဉ်းသမားများကို လွှတ်ပေးရေး စသည်တို့ကို တောင်းဆိုသည့် ကိစ္စမှာ အရေးပါသည်ဟု သူက ဆိုသည်။

“နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်လို့ ကျမ ထင်တယ်။ ဘယ်အစိုးရပဲတက်တက် နိုင်ငံရေးအာဏာပိုင် အဖွဲ့အစည်းတွေထဲမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုခွင့်ကို ဘယ်တော့မှ ဘေးဖယ်မထားသင့်ဘူး’’ ဟု သူက ဆက်ပြောသည်။

100th-world-women-day-2နိုင်ငံရေးအကျဉ်းသူ ၅ဝ ကျော်သည် ယခုထိ အကျဉ်းကျခံနေရဆဲဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ချင်းမိုင် လမ်းလျှောက်ဆန္ဒပြပွဲကို လိင်တူချစ်သူ အမျိုးသမီး၊ အမျိုးသားများနှင့် ခွဲစိတ်လိင်ပြောင်းလဲထားသူများအတွက် ကူညီထောက်ပံ့မှုများ ပေးနေသော ကင်ပိန်းနှင့် ကုသိုလ်ဖြစ် အဖွဲ့အစည်းဖြစ်သည့် M Plus Thailand မှ ကိုယ်စားလှယ်များလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။

“တို့လည်း လူတွေပဲဆိုတာ ပြချင်တယ်။ ဘယ်နေရာက အမျိုးသမီးတွေအတွက်ပဲဖြစ်ဖြစ် ထောက်ခံအားပေးတာတွေ လုပ်သွားမယ်’’ ဟု M Plus Thailand ကင်ပိန်းမန်နေဂျာက ပြောသည်။

လိင်အရ ခွဲခြားဆက်ဆံခြင်းကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေ ပုဒ်မ ၃၅၂ တွင် `နိုင်ငံတော်သည် အလုပ်အကိုင် ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန် ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ သာသနာ၊ အမျိုးသား အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှု မပြုရ’ ဟု ဆိုသည်။

“သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများကို ရွေးချယ်ခန့်ထားခြင်းအား ဤပုဒ်မအရ အဟန့်အတား မဖြစ်စေရ” ဟု ပါရှိသည်။




 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1138 guests online