သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > နယ်စပ်ခြံစည်းရိုး မလိုဟု မီဇိုအာဏာပိုင်များ ပြောဆို

နယ်စပ်ခြံစည်းရိုး မလိုဟု မီဇိုအာဏာပိုင်များ ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး မလိုအပ်ကြောင်း ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ် အစိုးရက ပြောဆိုလိုက်သည်။

နှစ်နိုင်ငံ နယ်စပ်တလျှောက် အချို့နေရာဒေသများတွင် ခြံစည်းရိုးကာရန် အိန္ဒိယက စီစဉ်နေပြီး၊ မဏိပူပြည်နယ်ဘက်တွင် လုပ်ငန်းများ စတင်နေချိန်၌ ၎င်းတို့မီဇိုရမ်ဘက်တွင်မူ မလိုအပ်ကြောင်း လက်ရှိ  အာဏာရပါတီ ကွန်ဂရက်စ်က ပြောဆိုခြင်း ဖြစ်သည်။

“ကျနော်တို့နဲ့ အဆင်ပြေတယ်၊ ညီအကိုတွေ ဖြစ်တယ်။ နယ်စပ်ခြံစည်းရိုး လုပ်ဖို့ မလိုဘူး” ဟု မီဇိုရမ် ကုန်သွယ်ရေးဝန်ကြီး Pu Lalrinliana Sailo က မဇ္ဈိမကို ပြောသည်။

ပြည်နယ် ကွန်ဂရက်စ် ပါတီ သတင်းနှင့် 03ပြန်ကြားရေးဌာန ဥက္ကဋ္ဌ Pu P.C. Lalruata ကလည်း “ကျနော်တို့ သဘောဆိုရင် မြန်မာနဲ့ ခြံစည်းရိုးကာဖို့ မလိုဘူး။ ကျနော်တို့ မသိရသေးဘူး။ (ဗဟို) အစိုးရက လုပ်ရင်တော့ မတတ်နိုင်ဘူး။ ဘာမှ ပြောပိုင်ခွင့်လည်း မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။


ခြံစည်းရိုး ကာရံရခြင်းမှာ နယ်စပ်သူပုန်များ ဖြတ်သန်းသွားလာမှု မပြုနိုင်ရန်အတွက် ရည်ရွယ်ကြောင်း မဏိပူရှိ Assam Rifles (South) တပ်မှ အကြီးအကဲ ဗိုလ်ချုပ် C.A. Krishanan က ယခုလ ၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုကြောင်း ယနေ့ထုတ် The Hindu သတင်းစာတွင် ဖော်ပြထားသည်။  မဏိပူသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ၃၅၂ ကီလိုမီတာ နယ်စပ်ချင်း ကပ်လျက်တည်ရှိကာ၊ ၈ ကီလိုမီတာခန့်သာ ခြံစည်းရိုး ကာရံသွားရန် သတ်မှတ်ထားပြီး တိုးတက်မှုရှိကြောင်း သတင်းစာတွင် ဆိုထားသည်။

ဗဟိုအစိုးရက မဏိပူဘက်တွင် နယ်စပ်ခြံစည်းရိုး ကာရံနေခြင်းသည် သူပုန်နှင့် မူးယစ်ဆေးဝါး တားဆီးရေးအတွက် ဖြစ်နိုင်ပြီး၊ မီဇိုရမ်ဘက်တွင် သူပုန်သူကန်များ အနည်းအကျဉ်းသာ ရှိကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယခရီးစဉ်တွင် သဘောတူခဲ့သည့် နယ်စပ်သူပုန်များ နှိမ်းနှင်းရေးနှင့် ခြံစည်းရိုး ကာရံရေးမှာ ဆက်စပ်နိုင်ကြောင်း Pu P.C. Lalruata က မဇ္ဈိမကို ပြောသည်။

လက်ရှိ ခြံစည်းရိုး အခြေအနေကို သိရှိရန် မဏိပူ Assam Rifles ရုံးကို ဆက်သွယ်ခဲ့သော်လည်း ပြောရေးဆိုခွင့်ရှိသူများ မရှိကြောင်းသာ တာဝန်ကျ ဝန်ထမ်းများက ပြောဆိုခဲ့ကြသည်။

အိန္ဒိယနိုင်ငံ အရူနာချာ ပရာဒေ့ရှ်၊ နာဂလဲင်း၊ မဏိပူနှင့် မီဇိုရမ် ပြည်နယ်များသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်များနှင့် ထိစပ်ကာ ၁၆၄၃ ကီလိုမီတာခန့် ရှည်လျားသည်။

မြန်မာအစိုးရ တောင်းဆိုချက်ကို လိုက်လျောသည့်အနေဖြင့် ပြီးခဲ့သည့် လမှစ၍ နယ်စပ်နေ ပြည်သူများ နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ၄ဝ ကီလိုမီတာမှ ၁၆ ကီလိုမီတာအထိသာ အိန္ဒိယက သတ်မှတ်လိုက်ပြီဖြစ်သည်။



 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1426 guests online