သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ရွေးကောက်ပွဲ အကြမ်းဖက်မှု ဗြိတိန်သတိပေး

ရွေးကောက်ပွဲ အကြမ်းဖက်မှု ဗြိတိန်သတိပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရွေးကောက်ပွဲကာလတွင် မတည်ငြိမ်မှုများ ပေါ်လာနိုင်သဖြင့် မြန်မာနိုင်ငံသွားမည့် ဗြိတိန် နိုင်ငံသားများ အကြမ်းဖက်မှုများကို သတိထားရန် လိုကြောင်း ဗြိတိန်အစိုးရက မနေ့က အကြံပြုလိုက်သည်။

ရန်ကုန်မြို့၌ လုံခြုံရေး တပ်ဖွဲ့များအား  တိုးမြှင့် “တပ်လှန့်” ထား၍ ဆန္ဒပြမှုများဖြစ်လာပါက ရှောင်ကြရန်၊ စစ်သားနှင့် ရဲများကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယို ရိုက်ခြင်း မလုပ်ကြရန် သတိပေးထားသည်။

အကြမ်းဖက်မှုများ မည်သည့်နေရာတွင် ဖြစ်ပေါ်မည်ကို အတိအကျ မပြောနိုင်သော်လည်း နိုင်ငံခြား ခရီးသည်များ လည်ပတ်တတ်သည့်နေရာများ ပါဝင်သည်ဟု ဗြိတိန်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ထားသည်။
pitain
သင်္ကြန်ကာလ ဧပြီ ၁၅ ရက်နေ့တွင် ကန်တော်ကြီးအနီး ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး ၁ဝ ဦး သေဆုံးကာ ၁၇ဝ ဒဏ်ရာရခဲ့ခြင်း၊ ၂ဝဝ၅  မေက ဈေးဝယ်စင်တာနှစ်ခု ပေါက်ကွဲ မှုကြောင့် ၂၃ ဦးသေဆုံးပြီး ၁၅ဝ ကျော် ဒဏ်ရာရခဲ့သည်တို့ကို ထောက်ပြထားသည်။

ထို့ပြင် ယခုနှစ်ဧပြီအတွင်း ကချင်ပြည်နယ် မြစ်ဆုံရေကာတာနှင့် တရုတ်နယ်စပ် မူဆယ်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့တို့၌၊ ယခင်နှစ် မေနှင့် စက်တင်ဘာက မော်လမြိုင်၌ ဗုံး ၃လုံး၊ ရန်ကုန်မြို့ပြင်၌ ဗုံး ၇ လုံး  ပေါက်ကွဲခဲ့သောကြောင့် သေဆုံးဒဏ်ရာရခဲ့ကြောင်း ဥပမာပေးထားသည်။

မြန်မာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် လိုလားသည့် ဗြိတိန်အစိုးရက ယခုနှစ် ရွေးကောက်ပွဲရလဒ်သည် လက်ခံနိုင်စရာ ရှိမည်မဟုတ်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဆိုင်းငံ့ ထောင်ဒဏ် ချထားပြီး အယူခံတင်သည် ကိုလည်း ငြင်းပယ်ထားခြင်း၊ နအဖနှင့် ရှမ်းပြည်မြောက်ပိုင်း ဝ’အဖွဲ့၊ ကချင်ပြည်နယ် ကေအိုင်အိုတို့ အကြား မပြေမလည် ဖြစ်နေမှုတို့ကို ထောက်ရှုပြီး ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲ အတွင်း တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဗြိတိန်က ယူဆထားပုံရသည်။

၂ဝဝ၇  ဆန္ဒဖော်ထုတ်ပွဲ၌ သတင်းယူနေစဉ် နအဖ စစ်သားများ၏ ပစ်ခတ်မှု ကြောင့် ဂျပန် သတင်းထောက်  ကန်ဂျိ နာဂအိ သေဆုံးခဲ့ရသည်။

စစ်အစိုးရက သတ်မှတ်ပေးသည့် နယ်မြေများသို့သာ လည်ပတ်စေလိုကြောင်း ဗြိတိန်အစိုးရက သူ့နိုင်ငံသားများကို အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားမှုအတွက် အလားတူ လုံခြုံရေး သတိပေးထားသည့် နိုင်ငံမှာ အမေရိကန် ဖြစ်သည်။

ထူးခြားချက်မှာ ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား စစ်အစိုးရ လက်ကိုင်တုတ်များက လုပ်ကြံရန် ကြိုးစားမှုများကိုပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားခြင်းဖြစ်သည်။

ယခုနှစ် မေလဆန်းမှစ၍ ပြည်ဝင်ခွင့် ဗီဇာကို  မြန်မာ သံရုံး များ၌ ကြိုတင်စီစဉ်ရန် မလိုအပ်ပဲ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သည်။ သို့သော် လာမည့်လ ၁ ရက် နေ့မှစ၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်း ရပ်လိုက်ပြန်သည်။

မြန်မာနိုင်ငံသို့ ဥရောပ၊ အမေရိက၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခရီးသွားများ အဓိကလာကြသည်။ ယမန်နှစ်က မြန်မာနိုင်ငံသို့ ဗြိတိန် ခရီးသွား ၆,ဝဝဝ ကျော် လာပြီး ယခုနှစ် မေလအထိ ၃,၂၂၆ ဦးရှိကြောင်း တရားဝင်စာရင်းများအရ သိရ သည်။ အမေရိကန် ခရီးသွား ၇,၁၂၃ ဦးရှိသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1442 guests online