သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာသင်္ဘောသား ၂၁ ဦး လွတ်မြောက်မည်ဟု မျှော်လင့်

မြန်မာသင်္ဘောသား ၂၁ ဦး လွတ်မြောက်မည်ဟု မျှော်လင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။    ။ ဆိုမာလီဓါးပြများ ပြန်ပေးဆွဲထားသော သင်္ဘောပေါ်ပါ မြန်မာ ၂၁ ဦး မကြာမီ လွတ်မြောက်လာဖွယ် ရှိသည်ဟု သင်္ဘောကုမ္ပဏီက ပြောကြားလိုက်သည်။

ဓားပြများကြီးစိုးရာ ဆိုမာလီဆိပ်ကမ်းမြို့ ဟာရက်ခ်ဟီရိကို ကို တနင်္ဂနွေနေ့က အစ္စလမ်စစ်သွေးကြွသူပုန်အဖွဲ့တခုဖြစ်သော ‘ ဟစ်ဇ်ဘူးလ်အစ္စလမ်’ က သိမ်းပိုက်လိုက်ပြီးနောက် တွေ့သမျှ နိုင်ငံခြားသားဓားစာခံအကုန်လုံးကို လွှတ်ပေးမည်ဆိုသော သတင်းထွက်ပေါ်လာပြီးနောက် အခုလို ပြောလိုက်ခြင်းလည်းဖြစ်သည်။

မြန်မာသင်္ဘောသားများသာပါရှိသော UTB Ocean သင်္ဘောမှာ အခြားနေရာသို့ ရွှေ့ပြောင်းခြင်း မရှိကြောင်းနှင့် သင်္ဘောသားများလွတ်မြောက်ရေး ညှိနှိုင်းမှုများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း စင်္ကာပူအခြေစိုက် Ship Management Associates Pte Ltd ၏ ရန်ကုန်ရုံးခွဲမှ ပြောရေးဆိုခွင့်ရှိသူ ကပ္ဗတိန် ဦးသတိုးကျော်က ပြောသည်။

“ရပ်ထားတာ က ဟာရာက်ခ်ဟီရိ ဆိပ်ကမ်းမှာရှိတဲ့ တံတားနားမှာပါ။ သင်္ဘော ဘယ်မှမရွှေ့ပါဘူး။” ဟု ဦးသတိုးကျော်က မဇ္ဈိမကို ပြောသည်။

သင်္ဘောသားများအားလုံး ကျန်းမာရေးကောင်းမွန်ပြီး ယခင်သီတင်းပတ်ကအထိ မိသားစုများနှင့် တယ်လီဖုန်းအဆက်သွယ်ရှိခဲ့သည်ဟုလည်း ပြောသည်။

နော်ဝေးနိုင်ငံသားပိုင် UTB Ocean မှာ  မတ်လ ၅ ရက်နေ့က  ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။

ဆိုမာလီတွင် ကုလသမဂ္ဂက အသိအမှတ်ပြုထားသော ကြားဖြတ်အစိုးရမှာ မြို့တော်နေရာအချို့ကိုသာ အုပ်စိုးနိုင်ပြီး ထိထိရောက်ရောက်အုပ်ချုပ်နိုင်သော ဗဟိုအစိုးရတရပ်မရှိသည်မှာ နှစ် ၂ဝ ခန့် ကြာမြင့်ပြီဖြစ်သည်။


(ကိုဝိုင်းတည်းဖြတ်သည်)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1465 guests online