သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > နာရေးသတင်း > မွန်ပြည်သစ် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင် ကွယ်လွန်

မွန်ပြည်သစ် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။    ။ မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင်သည် ယမန်နေ့ညနေက မော်လမြိုင် ဆေးရုံ၌ သွေးတိုး ဆီးချိုရောဂါတို့ဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

Mon-Aung-Naingအသက် ၇၁ နှစ်အရွယ် ဗိုလ်မှူးချုပ် အောင်နိုင်သည် မော်လမြိုင်ဆေးရုံတွင် ယမန်နေ့ ညနေပိုင်း ၅ နာရီ မိနစ် ၄ဝ တွင် ကွယ်လွန်သည်။

ရုပ်အလောင်းကို မြိုင်သာယာရပ်ကွက်ရှိ  သူ၏ မွန်အမျိုးသား ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ရုံး၌ ထားရှိကြောင်း သိရသည်။

ဗိုလ်မှူးချုပ်အောင်နိုင်သည် မွန်ပြည်သစ်ပါတီတွင် နှစ်ပေါင်း ၄၅ နှစ်ခန့်ကြာ ထမ်းဆောင်ခဲ့ရာမှ ၂ဝဝ၇ နိုဝင်ဘာတွင် ဆေးပင်စင်ဖြင့် နှုတ်ထွက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ ပန်းလှိုင် ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူခဲ့သည်။ ထို့နောက်  စစ်အစိုးရနှင့် ပူးပေါင်းသွားသည်။

မွန်ပြည်သစ် ပါတီဝင်ဟောင်း အနည်းငယ်ဖြင့် ၂ဝဝ၈ ခုနှစ်တွင် နအဖစစ်တပ်၏ ကွပ်ကဲမှုအောက်၌ မွန်အမျိုးသား ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းပြီး ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အခြေချခဲ့သည်။

ဦးအောင်နိုင်သည် မြန်မာစစ်တပ်မှ တပ်ကြပ်အဆင့်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) သို့ ဝင်ရောက် ခိုလှုံသွားပြီး ထိုမှတဆင့် ၁၉၆၂ တွင် မွန်ပြည်သစ်သို့ ဝင်ရောက်ခဲ့သည်။

စစ်ရေးထူးချွန်သူဟု လူသိများပြီး တင်ပါးနှင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ နှစ်ကြိမ် ထိမှန်ခဲ့ဖူးသည်။

၂ဝဝ၅ ခုနှစ် မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ဆဌမအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗိုလ်မှူးချုပ် အောင်နိုင်သည် စစ်ရေးရာကော်မတီ အတွင်းရေးမှူး တာဝန်နှင့် စစ်ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်။

သူ့ကို မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာတွင် မွေးဖွားခဲ့သည်ဟု ကောင်းဝါ မွန်သတင်းဌာနမှ အယ်ဒီတာ မင်းစိုင်းနွန်ဒေါက ပြောသည်။
 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 1438 guests online