တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သမ္မတနှင့် တိုင်းရင်းသား ပါတီများတွေ့ဆုံမည့် အစီအစဉ် ရွှေ့ဆိုင်း

သမ္မတနှင့် တိုင်းရင်းသား ပါတီများတွေ့ဆုံမည့် အစီအစဉ် ရွှေ့ဆိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ တိုင်းရင်းသား ပါတီများအား သမ္မတ ဦးသိန်းစိန် မှ တွေ့ဆုံမည့် အစီအစဉ်အား ရက်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

သမ္မတ အနေဖြင့် ဒီမိုကရေစီ မိတ်ဆွေပါတီ ၁၀ ပါတီနှင့် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ဆုံပြီးနောက် ကျန် တိုင်းရင်းသား ၁၄ ပါတီနှင့် တွေ့ဆုံရန် စီစဉ်ထားမှုအား ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ KPP ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် က ပြောသည်။

“အဲဒီကိစ္စရွှေ့ဆိုင်းထားတယ်။ ဘာကြောင့်ရွှေ့ဆိုင်းထားလလည်း ကျနော်လည်း မသိဘူး။ အဲလိုပဲ ဖုန်းဝင်လာတယ်။
ရွှေ့ဆိုင်းထားတယ်လို့” ဟု မဇ္ဈိမကို ပြောသည်။
theinseinနိုင်ငံအဝှမ်း ပြုပြင်ပြောင်းလဲရေး အစီအမံနှင့် ပါတ်သက်ပြီး ဆွေနွေးရန်ဖြစ်ကြောင်း “သိပ်မကြာခင်ပေါ့။ နေ့ မသိသေး ဘူး။ ကျနော်သိသလောက် ၁၄ ပါတီပဲ။ ဒီမိုကရေစီမိတ်ဆွေ ၁ဝ ပါတီထဲမှာမပါတဲ့ တိုင်းရင်းသားပါတီတွေပဲပေါ့ဗျာ” ဟု KPP ခေါင်းဆောင်တဦးက ပြောသည်။

ထိုတွေ့ဆုံပွဲကို မည်သည့်အတွက်ကြောင့် ရက်ရွှေ့ဆိုင်းထားသည်ကို မသိရှိရသော်လည်း ၁၀ ရက်အတွင်း သမ္မတနှင့် တွေ့ဆုံနိုင်လိမ့်မည် ဖြစ်ကြောင်း အခြား တိုင်းရင်းသားပါတီတခုမှ စုံစမ်းသိရှိရသည်။

နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများအား အစိုးရမှ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 73 guests online