တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး

အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် တပ်မတော် လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှအပ ကျန်အလုပ်သမားများသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

လက်ရှိတွင် အစိုးရဝန်ထမ်း မဟုတ်သော အလုပ်သမားများ၏ သမဂ္ဂပေါင်း ၁၃၀ နီးပါး မှတ်ပုံတင် ဖွဲ့စည်းပြီး
ဖြစ်သော်လည်း အစိုးရဝန်ထမ်းများက ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

ထိုသို့ အစိုးရ ဝန်ထမ်းများ သမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတခုမှ အကြီးတန်း စာရေးတဦးက “ခေါင်းဆောင်မယ့်သူလည်း မရှိဘူး၊ လမ်းပြမယ့်သူလည်း မရှိဘူး” ဟု ဆိုသည်။

ထို့ပြင် အစိုးရဝန်ထမ်းများအတွက် အလုပ်သမားသမဂ္ဂကို ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါက အထက်လူကြီး ဖိအားပေးမှု ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ခေါင်းဆောင်မည့်သူ မရှိခြင်းဖြစ်မည်ဟု ထင်မြင်ချက် ပေးသည်။

ရွှေပြည်သာမြို့နယ်ရှိ “အောင်” ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ ဥပဒေအကြံပေး ဦးစောကျော်ကျော်မင်း က အစိုးရဝန်ထမ်းများ သမဂ္ဂ မဖွဲ့စည်းကြခြင်းအပေါ် “ကြောက်နေတဲ့ စိတ်ထားတွေကို ဖျောက်သင့်ပါပြီ” ဟု ဆိုသည်။

မိမိတို့၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ကိုကာကွယ်နိုင်ရန် အစိုးရ ၀န်ထမ်းများ အနေဖြင့်လည်း ကြိုးစားပြီး ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု အစီအစဉ်၏ အကြံပေးအရာရှိ
ရော့စ်ဝီလ်စန် ကလည်း ၎င်းတို့အနေဖြင့် မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့များကို အသိပညာပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး အစိုးရ ဝန်ထမ်းများသည်လည်း အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် ရှိသလို ထိုသို့ ဖွဲ့စည်းပြီးမှသာ ILO အနေဖြင့် အလုပ်သမားရေးရာ သင်တန်းများ ပေးနိုင်မည်ဟု ဆိုသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် က အလုပ်သမား သမဂ္ဂများ “များများဖွဲ့လေ ကောင်းလေပါပဲ” ဟု ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီတွင် အသက်ဝင်လာခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ လုပ်ငန်းတူ အလုပ်သမား ဦးရေ ၃၀ ရှိလျှင် အခြေခံ အလုပ်သမား အဖွဲ့တခု ဖွဲ့စည်းနိုင်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 53 guests online