အမေရိကန် ပြည်ထောင်စုက အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော ‘ကွန်ဂရက် လွှတ်တော်
ရွှေတံဆိပ်ဆု’ ကို ဒေါ်အောင်ဆန်းစုကြည်က စက်တင်္ဘာလအတွင်း အမေရိကန်သို့ သွားရောက် ယူမည်ဖြစ်ကြောင်း အမေရိကန်အရာရှိများက ဗုဒ္ဓဟူးနေ့က ကြေညာ ပြောဆိုလိုက်သည်။
![]() |
| ဇွန်လ ၁၆ရက်၊ ၂ဝ၁၂ခုနှစ်က အော်စလို စီးတီးခန်းမတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ (ဓါတ်ပုံ - AFP) |
အိုဘားမားနှင့် အဆင့်မြင့် ဥပဒေပြုအမတ် များ တက်ရောက်ဖွယ်ရှိကြောင်း အကဲခတ်
များကပြောကြားကြသည်။
အဆိုပါ ကွန်ဂရက်လွှတ်တော်၏ အဆင့်မြင့်ဆုံးဆုကို ဒေါ်အောင်ဆန်း
စုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရ
စဉ် ၂၀၀၈ ခုနှစ်က ချီးမြှင့်ထားခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း အတ္တလန္တိတ်
ကောင်စီက ချီးမြှင့်သည့် `ကမ္ဘာ့နိုင်ငံသား´
ဆု ကိုလည်း လက်ခံရယူမည် ဖြစ်ပြီး ဆုပေးအပ်မည့် နေ့ရက်အတိအကျကို မသိရသေးပေ။ အဆိုပါဆုကို ယခင်က သံတမန်ဟောင်း ဟင်နရီ ကစ်ဆင်းဂျား၊ ဂျပန် နိုင်ငံသူ ကုလမသဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဆာဒါကို အိုဂါးတားနှင့် ဂီတပညာရှင် ကွင်စီဂျုံး တို့ကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ဖူးသည်။ သူသည် အဆိုပါဆုကို နယူးရောက်မြို့၌ စက်တင်ဘာ ၂၁ ရက်နေ့တွင် လက်ခံရန် စီစဉ်ထားသည်။
ယခုသွားရောက်မည့် အမေရိကန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ကုလသမဂ္ဂ၌ အလုပ်လုပ်
ကိုင်ခဲ့သည့် ၁၉၆၉ မှ ၁၉၇၁ ခုနှစ်အပြီး အမေရိကန်သို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ် ဖြစ်လိမ့်မည်
ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်းက လွတ်မြောက်လာခဲ့ပြီး ဧပြီလတွင် လွှတ်တော်အမတ်တဦးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ထူးထူး
ခြားခြား သွားရောက်လည်ပတ်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်သို့ လာရောက် လည်ပတ်ပါရန် ဖိတ်ကြားခဲ့သည်။ ထိုအချိန်မှစ၍ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု
များကို ယာယီရပ်ဆိုင်းထားခဲ့ပြီး အမေရိကန်ကုမ္ပဏီများကလည်း ရေနံနှင့်ဓါတ်ငွေ့အပြင် အခြားစီးပွါးရေး
လုပ်ငန်းများ၌လည်း ၀င်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် တာစူနေကြသည်။
အမေရိကန် ထိပ်တန်း စီးပွါးရေး လုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေးဌာန အရာရှိကြီးများသည် ယခင်အပတ်က
မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး မြန်မာအရာရှိများနှင့် စီးပွါးရေး လုပ်ငန်းကိစ္စရပ်များ ဆွေးနွေးပြောဆိုခဲ့
ကြသည်။ ဂျင်နရယ် အီလက်ထရစ် ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ
ရောင်းချကာ ပထမဆုံး စီးပွါးရေးလုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်သည့် အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့သည်။ လျှပ်စစ် စွမ်းအင်ထုတ်လုပ်သည့်လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် အခြား စီးပွါးရေး နယ်ပယ်များတွင်လည်း ၀င်ရောက် လုပ်ကိုင်လိုကြောင်း အဆိုပါစီးပွါးရေးလုပ်ငန်းကြီးက ထုတ်ဖော် ပြောဆို
ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၅ နှစ်နီးပါးမျှ အကျယ်ချုပ် ဖြင့်နေခဲ့ရပြီး ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသမား ဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံရ
သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၂ ခုနှစ် ဧပြီလက ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။












