တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > M-ZINE+ ပုံနှိပ်ဗားရှင်း မဇ္ဈိမ စတင်ဖြန့်ချိ

M-ZINE+ ပုံနှိပ်ဗားရှင်း မဇ္ဈိမ စတင်ဖြန့်ချိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမ သတင်းဌာန အနေဖြင့် ရန်ကုန်မြို့တွင် အပတ်စဉ်ထုတ် စီးပွားရေး မဂ္ဂဇင်း အသစ် M-ZINE+ ကို ပုံနှိပ်ဗားရှင်း အနေဖြင့် စတင်ဖြန့်ချိ ရောင်းချနေပြီဖြစ်သည်။

M-ZINE+ (M-ZINE Plus) မဂ္ဂဇင်းမှာ စီးပွါးရေးနှင့် သက်ဆိုင်သော အကြောင်းအရာများ အပြင် ဖွံ့ဖြိုးရေး၊ လူမှုရေး
နှင့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သတ်သော အကြောင်းအရာများလည်း ပါဝင်သည်။

M-ZINE+ အား သတင်းအချက်အလက်များနှင့် စီးပွါးရေး အကြောင်းအရာများအား စိတ်ဝင်စားသူများ အတွက် ရည်ရွယ်၍ ထုတ်ဝေခြင်း ဖြစ်သည်။ မဂ္ဂဇင်းနာမည်၏ အစ စာလုံး ဖြစ်သည့် “M” သည် Mizzima (မဇ္ဈိမ)၊ Marketing ၊ Money ၊ Myanmar စသည်ဖြင့် အဓိပ္ပါယ်များစွာ ဖွင့်ဆိုနိုင်သည်။
M-ZINE
ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများနှင့် မြန်မာ့စီးပွါးရေး အသိုင်းအဝိုင်းမှ အကြောင်းအရာများအား စိတ်ဝင်စားသည့် နိုင်ငံခြားသား ပရိသတ်များအတွက်လည်း ရည်ရွယ်သည်။

မဇ္ဈိမအနေဖြင့် အရည်အသွေးမြင့် အွန်လိုင်းဗားရှင်း M-ZINE+အား လစဉ်ကြေး နှစ်စဉ်ကြေးများ
ပေးသွင်းခြင်းဖြင့် ၂၀၁၂ ဇန်နဝါရီလမှ စတင်ထုတ်ဝေဖြန့်ချိပြီး၊ ယခုအခါ ရန်ကုန်တွင် ပုံနှိပ်မဂ္ဂဇင်း အနေဖြင့် စတင် ဖြန့်ချိရောင်းချခြင်း ဖြစ်သည်။

မဂ္ဂဇင်းအား စီးပွါးရေးသမားများ၊ ရင်းနှီးမြှုပ်နှံသူများ၊ သံတမန်များ၊ ပညာရှင်များ၊ စာနယ်ဇင်း သမားများ၊ အန်ဂျီအို အရာရှိများ အပါအဝင် မြန်မာ့အရေး စိတ်ဝင်စားသူများ ကြိုက်နှစ်သက်ကြလိမ့်မည်ဟု မျှော်မှန်းထားသည်။
M-ZINE-Invitation1
M-ZINE+ မဂ္ဂဇင်းများအား စာအုပ်ဆိုင်များ၊ City Mart အရောင်းဆိုင်များနှင့် ဟိုတယ်များတွင် မေလ ၁၇ ရက်နေ့ ကတည်းက စတင်ရောင်းချခဲ့ပြီး ရန်ကုန်ရှိ အင်းဝ စာအုပ်တိုက်မှတဆင့် ဝယ်ယူရရှိနိုင်တော့မည့်အပြင် မဇ္ဈိမ မှလည်း တိုက်ရိုက် ဝယ်ယူနိုင်မည် ဖြစ်သည်။

မဂ္ဂဇင်းအတွက် နှစ်စဉ်ကြေး၊ လစဉ်ကြေး နှုန်းထားများမှာ

၁၂ လ စာ အတွက် - ၉၆,ဝဝဝ ကျပ် (တလစာ အခမဲ့ ရရှိမည်)
၆ လစာ အတွက်  - ၄၈,ဝဝဝ ကျပ် (တစောင် အခမဲ့ ရရှိမည်)
တစောင်ချင်း ဝယ်ယူလျှင် ဈေးနှုန်းမှာ - ၃,ဝဝဝ ကျပ်


မဇ္ဈိမ မီဒီယာ ကုမ္ပဏီ လိမိတက်
အခန်း (၄ဝ၇)၊ ၄ လွှာ၊ ပုလဲ ကွန်ဒို၊ Block C
ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန် - ၁၁၂ဝ၁
ဖုန်း (၉၅-၁) ၅၅၈၆၇၅


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 85 guests online